အပိုင်း၁၀၁ (ကျိုးမိသားစု)

3.2K 396 13
                                    

[Zawgyi]

ယွီဟိုင်နဲ့ အမျိုးသမီးလျိုတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူတို့နှစ်ယောက်လုံး သူတို့ မျက်ဝန်းတွေထဲမှာ အကူအညီမဲ့ နေတာကို မြင်နေရတယ်။ သူတို့နှစ်ယောက်လုံးက ငယ်ရွယ်တဲ့ မျိုးဆက် တွေဖြစ်တာကြောင့် ဗိုလ်ကျလွန်းပြီး အရှက်မရှိတဲ့ အဖွားကြီးကျန်းကို အနည်းငယ်သာ ဆန့်ကျင်နိုင် ကြလေတယ်။ သူတို့သာ အရမ်းပြတ်ပြတ်သားသားနဲ့ ယတိပြတ်လုပ်ပစ်လိုက်ရင်လည်း သူတို့အရှေ့က အမျိုးသမီးနှစ်ယောက်က သိတတ်မှုမရှိဘူး ဆိုပြီး ရွာထဲမှာ သွားပုတ်လေလွင့် ပြောကြလိမ့်ဦးမယ်။ တစ်ဖက်မှာလည်း သူတို့သာ အရမ်း အလျှော့ပေးလိုက်မယ်ဆိုရင် ဒီကျိုင်းကောင်နှစ်ကောင်က သူတို့ကို ဝါးမျိုသွားပြီး သူတို့လက်ထဲရှိသမျှအကုန် လက်ဝါးကြီးအုပ်သွားလိမ့်မယ်။

အမျိုးသမီးလီ မင်းက ဘာလို့ ဒီမှာ ထပ်ပြီး ပြဿနာလာရှာနေတာလဲ

လင်မယားနှစ်ယောက်က ဖြေရှင်းဖို့ ကြိုးစားနေတုန်း အဘိုးကြီးယွီရဲ့အသံက ဟိန်းထွက်လာတာကြောင့် သူတို့မှာ မျှော်လင့်ချက် ရောင်ခြည်လေး ပေါ်ထွက်လာတော့တယ်။

အမျိုးသမီးလီက သူမရဲ့ ယောက္ခထီးရှေ့မှာ အနည်းငယ်ကြောက်ရွံနေတာကြောင့် သူမက တုန်ယင်စွာနဲ့ ပြောလိုက်တယ်

အဖေ ကျွန်မက အမေ့ကို အဖော်လိုက်ပြီး...

အဖွားကြီးကျန်းက သူမကို ရုတ်တရက် ကြားဖြတ်ပြီး သူမမျက်နှာမှာ အပြုံးလေးတစ်ခု ချိတ်ဆွဲလိုက်ရင်း

အဘိုးကြီး ဒုတိယသားက အခုထိ သားသမီးဝတ္တရား ကျေပွန်တာပဲ သူတို့မိသားစုက ပိုက်ဆံရှာနည်း အသစ်တစ်ခု ရလာတာကြောင့် သူတို့က ကျွန်မတို့ကိုလည်း ကူညီမလို့တဲ့

အဘိုးကြီးယွီက သူမပြောတာကိုကြားတော့ သူယွီဟိုင်ဆီကို နောင်တရတဲ့အမူအရာနဲ့ ကျေးဇူးတင်မှုလေး ရောယှက်ပြီး ကြည့်လိုက်တယ်။ သူရဲ့ ဒီသားလေးဟာ ကလေးဘဝကတည်းက အမြဲသိတတ်မှုရှိတယ်။ စာကလေး သေးသေးလေးတစ်ကောင်ကို ဖမ်းမိခဲ့ရင်တောင်မှ သူက အိမ်ကို ပြန်ယူလာပြီး အားလုံးကို စားစေတယ်။ သူလက်ထပ်ပြီး အခြေကျသွားတာတောင် သူက သူစုဆောင်းသမျှကို အားလုံးသုံးဖို့ ပေးခဲ့ပြီး ကိုယ်တိုင် သိမ်းထားခြင်းမရှိခဲ့ချေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now