အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)

3.1K 399 0
                                    

[Zawgyi]


သူမ စကားပြောလိုက်ရင်း သူမအစေခံကို မလုပ်ခိုင်းတော့ပဲ သူမကိုယ်တိုင်သာ ကြွပ်ဆပ်ဆပ် မုန်လာချဉ်လေးကို တူနဲ့ယူပြီး ပန်းကန်လုံးထဲ ထည့်လိုက်တယ်။ သတိမမူမိပဲ အာဟာရနှင့် သိပ်သည်းနေတဲ့ ပန်းကန်လုံးထဲက ဆန်ပြုတ်အားလုံးကို စားပြီးသွားတာတောင် သူမက ထပ်ပြီး စားချင်နေတုန်းပင်။ အစေခံမလေးက သူမကို နောက်တစ်ပန်းကန် ထပ်ထည့်ပေးလိုက်တယ်။ သူမက စားပွဲပေါ်က ဟင်းအားလုံးကို အကြိုက်တွေ့နေခဲ့တယ်။ အဲ့ထဲကမှ သူမ အများဆုံးစားခဲ့တာက ချိုပြီး ကြွပ်စပ်စပ်ဖြစ်နေတဲ့ အရသာရှိတဲ့ မုန်လာချဉ်ကိုပင်။

အခြားတစ်ဖက်မှာ မိသားစုရဲ့အကြီးအကဲဖြစ်သူက ဝိုင်နဲ့နှပ်ထားတဲ့ပဲကို အနှစ်သက်ဆုံးဖြစ်သည်။ သူက နေ့တိုင်း သေရည်အနည်းငယ်စီ သောက်ရတာကို ကြိုက်နှစ်သက်သူ ဖြစ်တယ်။ ဝိုင်နဲ့နှပ်ထားတဲ့ပဲက ဝိုင် ရနံ့ပါးပါးလေးရပြီး ဟင်းခတ်အမွှေးအကြိုင်များပါ ထည့်ထားတာကြောင့် သူ့ရဲ့ အရသာခံ အဖူးများကို နှိုးဆွပေးပြီး အဆက်မပြတ် စားချင်စိတ်ကို ဖြစ်ပေါ်စေတယ်။

တခြားမိသားစုဝင်တွေကလည်း စားမြိန်လွန်းတဲ့ ထိုဟင်းနှစ်ပွဲကို အဆက်မပြတ် ချီးမွမ်းနေကြတယ်။ စိတ်ကျေနပ်နေတဲ့အမူအရာက ကျိုးကျီရွှီရဲ့ မျက်နှာမှာ ရေးရေးလေး ပေါ်လာတယ်။ ရုတ်တရက် သူက အဆင့်အတန်းမြင့် မိန်းမပျိုတွေထက် ထူးကဲတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ အညစ်အစုတ် အဝတ်အစားတွေနဲ့ မိန်းကလေး ပြောတဲ့စကားတွေကို သတိရမိသွားတယ်။ သူကသူ့အဘိုးကို ပြောလိုက်တယ်

"အဘိုး၊ ဒီ အသီးအရွက်ချဉ်တွေက အရသာရှိတယ်လို့ထင်လား"

အကြီးအကဲကျိုးက ကော်ပြန့်ပေါင်းတစ်လိပ်ကို ယူလိုက်ပြီး တူကိုသုံးကာ ဝိုင်နဲ့နှပ်ထားတဲ့ပဲကို အပေါ်မှာ တင်လိုက်တယ်။ ပြီးမှ ပါးစပ်အကျယ်ကြီးဟကာ တစ်ကိုက်စားလိုက်ပြီး မျက်လုံးကို မှိတ်ထားရင်း

"အင်း မဆိုးဘူး"

"အဖိုး ကျိန်ရှုံစားသောက်ဆိုင်က ဒီလိုအသီးအရွက်ချဉ်တွေကို အအေးစာဟင်းပွဲတွေထဲ ထည့်လိုက်ရင် စားသုံးသူတွေက ကြိုက်မယ်လို့ထင်လား"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now