25 (U)

4.5K 531 32
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၅ )
နွေရယ် နေရယ် အကိုရယ် ကျွန်တော်ရယ်

ပူပြင်းတဲ့နေအရှိန်ကြောင့် ကျုံးရေပြင်ကပင် တငွေ့ငွေ့။ နေပူပူ မိုးရွာရွာ မြူဆိုင်းဆိုင်း.. မယိုင်မလဲဖြင့် ကြံ့ကြံ့ခံကာ တခမ်းတနား တည်ရှိနေခဲ့ပါသော နန်းမြို့ရိုးကြီးက မန္တလေး နေအပူဒဏ်ကို ခံနိုင်ရည်ပါးဝနေသည့်နှယ် ခံ့ခံ့ညားညားကြီး ဆက်လက်အံတုနေဆဲပင်။ ပူပြင်းသော နွေနေ့လည် အပူဒဏ်တွေကြောင့် ကျုံးပတ်လည်လမ်းမပေါ်တွေမှာတော့ လူသွားလူလာ နည်းပါးလှသည်။

ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာတောင် အပူငွေ့က ခေါင်းထဲတိုးဝှေ့နေသည်။ နေ့ခင်းနေမို့ ခေါင်းပေါ်တည့်တည့်ကနေ ပူချင်တိုင်း ပူနေလေရဲ့။ ကတ္တရာလမ်းမှ ပြန်ဟပ်လာသော အပူကတမျိုး.. အပေါ်က ခြစ်ခြစ်တောက် ပူနေသော အပူကတမျိုး။ မန္တလေးဟာ ဘယ်လိုအငြိုးနဲ့ ဒီလိုတွေ အပူကြီးနေရသလဲမသိပေမယ့် သော်တာနိုင့်သဝန်တိုမှုတွေကို လတ်လတ်လောလော ခံစားထားရသည့် ကိုးရဲ့ ရင်ထဲမှာတော့ နွေနေပူဟာလည်း တိုးမပေါက်ပဲ လရောင်ဖြာသလို အေးနေပါလေရောလား။

အပြင်က အပူရှိန်တွေဟာ သူ့ရင်ထဲက ချစ်ဇောဟုန်ကို မဟန့်တားနိုင်ပါ။

ကိုက်ထားသော လက်သီးဆုပ်မှာ သွေးတောင်စို့လုမတတ်။ မျက်ရည်စများကို အသာအယာ ပွတ်သုတ်လိုက်ကာ သော်တာနိုင် ရှောင်နေခဲ့တဲ့နေ့ရက်များကို ပြန်စဉ်းစားလိုက်သည်။ လူကိုမြင်တာနဲ့ ကတုန်ကရင်ဖြစ်ပြီး ရှောင်ထွက်သွားတာတွေ၊ မတော်တဆ အကြည့်ချင်းဆုံရင် အကြည့်လွှဲသွားတာမျိုးတွေ။ အကဲခတ်မိတာသာ မမှားဘူးဆိုလျှင် သော်တာနိုင့်စိတ်ထဲ သူနဲ့ပတ်သတ်ပြီး ခံစားချက်ရှိနေသည်ဟု ကိုး စိတ်ထဲ တထစ်ချ ယုံကြည်လိုက်မိသည်။

ကန်းနေလို့သာ သူ ဒါတွေကို မရိပ်မိခဲ့တာ ဖြစ်ရမယ်။

အကို့ဆီက အချစ်ခံရနိုင်လောက်လား.. အကိုက သူ့ကို သူချစ်သလို ပြန်ချစ်မှာလား.. အလိုရမ္မက်ကြီးစွာနဲ့ အတင်းအကျပ် ရယူခြင်းမျိုးမဟုတ်ပဲ အကို့ဆီက ကြင်နာစွာ ပေးကမ်းမှုမျိုး သူ ရနိုင်လာမှာလား..

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now