Part 23

4.3K 494 18
                                    

နန်းစောရှင် မျက်တောင်လေးကို တဖျတ်ဖျတ်ခတ်လိုက်ပြီး စူးရှသည့်အိမ်ရှေ့မင်းရဲ့မျက်ဝန်းတွေထဲကို ကြည့်လိုက်သည်။အိမ်ရှေ့မင်းရဲ့မျက်ဝန်းတွေထဲတွင် အဆုံးမရှိသည့်နူးညံ့ခြင်းတို့ ပျော်ဝင်နေပြီး နန်းစောရှင်ရဲ့ရင်ကိုတသိမ့်သိမ့် ကြည်နူးသွားစေသည်။

သို့ပေမယ့် နန်းစောရှင် ငြင်းရလိမ့်မည်။မဖြစ်နိုင်သည့်ချစ်ခြင်းတရားတွင် အိမ်ရှေ့မင်းကို မနှစ်မြုပ်စေလိုဘူး။

"အိမ်ရှေ့မင်း ကျွန်တော်မျိုး.."

ဗညားသတိုး နန်းစောရှင်ရဲ့နှုတ်ခမ်းအိအိလေးတွေကို လက်နှင့်အသာအယာပိတ်လိုက်သည်။

"မဖြေလေနဲ့ ကိုယ်တော်နားလည်တယ်"

အိမ်ရှေ့မင်းအသံက အားမာန်ကင်းမဲ့နေပြီး တောင်းပန်တိုးလျှိူးနေပုံရသည်။နန်းစောရှင်  အိမ်ရှေ့မင်းရဲ့အသံကြောင့် နှလုံးသားထဲထိ တင်းကြပ်သွားလေသည်။

"ကိုယ်တော့်ရဲ့နှလုံးသားက နန်းစောရှင်ရဲ့ခြေ တော်ရင်းထံမှာဘဲ နန်းစောရှင် ကောက်ယူသွားမလား နင်းချေသွားမလားဆိုတာ နန်းစောရှင်သဘော"

ဗညားသတိုး နန်းစောရှင်ရဲ့ပြတ်သားသည့်မျက်လုံးလေးတွေကို ကြည့်လိုက်သည်။နန်းစောရှင်ရဲ့မျက်ဝန်းတွေထဲ နွေးထွေးမှုမရှိ။

"သို့ပေသိ နန်းစောရှင်အခုချိန် မဆုံးဖြတ်လေနဲ့  ကိုယ်တော်ခံနိုင်ရည်ရှိဖို့ရာ အချိန်လိုအပ်ပေတယ်"

နန်းစောရှင် ခေါင်းညိတ်လိုက်သည်။ယခုအချိန်ဖြေတာဘဲဖြစ်ဖြစ် နောက်မှဖြေတာဘဲဖြစ်ဖြစ် အိမ်ရှေ့မင်းရဲ့မေတ္တာကိုလက်မခံဘူးဆိုတာကတော့ မပြောင်းလဲမယ့်အခြေအနေပင်။

အိမ်ရှေ့မင်းက နန်းစောရှင်ကိုလွှတ်ပေးကာ ဆောင်ဓားကိုကိုင်လိုက်ပြီး နားနေဆောင်အပြင်ထွက်သွားလေသည်။စစ်ရေးလေ့ကျင့်ကွင်းထဲတွင်တွေ့ခဲ့ရသည့်ခံ့ညားသောအရှိန်အဝါက ယခုအချိန်မှာတော့ ကင်းမဲ့နေပြီး‌တရွေ့ရွေ့ထွက်ခွာသွားသည့်ကျောပြင်လေးက အထီးကျန်ဆန်ခြင်းကို သယ်ဆောင်သွားလေသည်။

နန်းစောရှင် အိမ်ရှေ့မင်းရဲ့ကျောပြင်လေးကိုကြည့်ပြီး နာကျင်သွားသည့်နှလုံးသားလေးကို နှစ်သိမ့်လိုက်သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now