Chapter-18

12K 1.4K 47
                                    

Unicode

ချစ်နိုင်းကို သဘောကျတယ် ၄

နှင်းငွေ့ခြုံလွှာအောက်က ခေါင်လန်ဖူးမြို့လေး။ မနက်ခင်းနေရောင်ခြည်အောက်မှာ
မြို့ကလေးဟာ စိမ်းလန်းအေးမြလို့နေသည်။
တိမ်‌ပင်လယ်က သူတို့အောက်ဖက်မှာရှိနေပြီး နေမင်းရဲ့ရွှေဝါရောင်အလင်းပက်ဖြန်းမှုကြောင့် ဂွမ်းစိုင်အဝါကလေးများသဖွယ် ရစ်သိုင်းလျက်ရှိကြသည်။

"လှလိုက်တာ တအားပဲ"
ဂွမ်းအင်္ကျီအိတ်ထောင်ထဲ လက်တွေထိုးထည့်ရင်းညည်းလိုက်မိသည်။ ဘယ်နှခါလောက်
ဒီစကားကို အထပ်ထပ်အခါခါပြောနေမိလဲ မမှတ်မိတော့။ မိုးလင်းကတည်းက ဒီနားမှာထိုင်ပြီးရှုခင်းကြည့်နေတာ ခုထိထချင်စိတ်ပေါ်မလာသေးပေ။

လောလောဆယ်ထိုင်နေတဲ့နေရာက တခြားအိမ်တွေထက်စာလျှင် အပေါ်ပိုင်းရောက်နေတာကြောင့် အောက်ဖက်ကအိမ်လေးတွေကို မြင်နေရသည်။မြို့ပုံစံကား တောင်ခါးပန်းတွင် အထစ်ထစ်မြေနေရာယူကာ အဆင့်ဆင့်ဆောက်ထားတာမျိုးဖြစ်သည်။ ကျန်တဲ့နေရာတွေတော့ မည်သို့မည်ပုံရှိမည်မသိ။
ချစ်နိုင်းထိုင်နေရာကနေ အောက်ကိုကြည့်လျှင် အိမ်ခေါင်မိုးအဆင့်အဆင့်မြင်ရပြီး၊
အထက်ကိုကြည့်လျှင်တော့ အိမ်ထည်အဆင့်ဆင့်ကိုမြင့်ရသည်။ရှင်းရှင်းလင်းလင်းမဟုတ် တိမ်မြူနှင်းတွေကြားဝိုးတဝါးသာ။

မြင်ရသမျှအိမ်တိုင်းဟာ သစ်၊ဝါးတို့ဖြင့်ဆောက်လုပ်ထားကြကာ အုတ်တိုက်၊ အာစီတိုက်မျိုးသိပ်မတွေ့ရ။ သွပ်မိုးထားသော ပျဉ်ထောင်ပျဉ်ကာအိမ်တွေများသည်။ အိမ်ခြေလည်း သိပ်မများလှ။မြို့ဟုခေါ်သော်ငြား လမ်းသေချာဖော်ထားတာမျိုးမတွေ့ရဘဲ တစ်အိမ်နှင့်တစ်အိမ် လမ်းရာဖောက်ထားတာသာမြင်ရသည်။

အိမ်တိုင်းဟာ စနစ်တကျခြံခတ်ထားတာမျိုး ထက် ဝါးတိုင်ကျို့တို့ကျဲတဲခတ်ထားရုံဖြင့် ခြံခတ်ထားကြတာများသည်။တချို့အိမ်များတွင် အပင်ပုများပတ်စိုက်ထားကြ၏။

မနေ့က လောင်နွန်အော်ပြောပြတဲ့ ဆုံဆည်းရာကုန်းဆီလှမ်းကြည့်မိတော့ မနက်နေရောင်အောက်မှာခပ်မို့မို့လေး။ မြို့အဝင်ကုန်းဟု လောင်နွန်ပြောပြခဲ့သည်။ အပေါ်စီးမှကြည့်ပါကာ လှေကားထစ်တောင်ယာခင်းများကို ရင်သပ်ရှုမောဖွယ်လှမ်းမြင်နိုင်၏။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now