Chapter - 75

8.1K 1.5K 142
                                    

နွေရာသီပိတ်ရက်စစချင်းမှာတော့ First Highလို ဟိုက်ပါတွေ စုစည်းရာကျောင်းမှာတောင်မှ အစောပိုင်းရက်တွေ ကျူရှင်ကြိုတက်တဲ့ကျောင်းသား သိပ်မရှိပေ။

ဒီရက်ပိုင်းတွေမှာ group chatကလည်း အရမ်းကို တက်ကြွလျက်ရှိပြီး အကြောင်းရာက ဂိမ်းအကြောင်းကနေ donghwa seriesကို ဝေဖန်တဲ့အကြောင်းတွေအထိ ရောက်တတ်တယ်။ တစ်ပတ်လောက်လည်းကြာပြီးရော အကြိုကျူရှင်‌တွေအကြောင်း အတင်းတုပ်တဲ့ဆီ ရောက်သွားတယ်။

ကျန်းခဲ့ : [ငါ့အမေအပ်ပေးတဲ့ ကျူရှင်ကလည်းကွာ သောက်ကျိုးနည်းအောင်ကို ဝေးတာ၊ ရထားနှစ်ခါတောင်ပြောင်းစီးရတဲ့အပြင် ပူလိုက်တာလည်း သောက်သောက်လဲ]

ကောကျစ်ရှုန်း : [မင်းက private tutorရှာရမှာ၊ သူတို့ဘာသူတို့ မင်းအိမ်လာပြီး one-by-oneသင်ရမှာ မိုက်တယ်]

ကျန်းခဲ့ : [ငါက ငါ့အမေကို အဲ့အကြောင်းပြောမကြည့်ခဲ့ဘူးလို့များ မင်းထင်နေလား? သူကပြောတယ် အိမ်လိုက်သင်တဲ့ဆရာတွေက မကောင်းဘူးတဲ့၊ အသင်အပြသာကောင်းတယ်ဆို ဘယ်လောက်ပဲဝေးဝေး တန်တယ်တဲ့၊ သူ သွားရတာကျလို့၊ ဒုက္ခခံရတဲ့လူက ငါပါဟ!]

ကျန့်ယောင် : [မင်းအမေ ပြောတာမှန်တယ်၊ သွားရတာပင်ပန်းလည်း တန်တယ်လေ]

ကျန်းခဲ့က အံ့ဩသွားသည်။
[ယောင်ကော, မင်းလည်း ကျူရှင်တက်တာပဲလား??]

ကောကျစ်ရှုန်း : [ငလူး၊ တစ်ကျောင်းလုံး ပထမတောင် ရနေပြီကို၊ ထပ်ပြီး ဘာလိုချင်နေသေးတာလဲ??]

ဟန်မုန့်ကတော့ အကဲအပိုဆုံး တုံ့ပြန်တာပေါ့။
[သေစမ်း! လက်စသတ်တော့ မင်းက အပေါ်ယံမှာ ပေါ့ပေါ့ပါးပါး အလွယ်တကူရနေသလိုနဲ့ ကြိတ်လုပ်တဲ့ ကောင်မှန်း ငါအခုသိလိုက်ရတာပဲ!]

ခါတိုင်း စကားမများတတ်တဲ့ ရန်းရီလဲ့တောင် ပေါ်လာတယ်။
[မင်းက တအားကြိုးစားတာပဲ.....မင်းဆီက အတုယူရမယ်]

ကျန့်ယောင် : [....ငါက ဟိုဘက်ကနေ ပြောပေးရုံလေးပဲလေကွာ]

အဲ့တာပို့ပြီးပြီးချင်းပဲ private chatက မက်ဆေ့တစ်စောင်တက်လာတယ်။
[ပင်ပန်းနေတာလား?]

ကျန့်ယောင်မှာ ဖုန်းပင် လွတ်ကျမတတ်ဖြစ်သွားတယ်။ ခေါင်းထဲမှာ အချက်ပေးသံတွေ မြည်လာပြီး အမြန်ပြန်ဖြေလိုက်ရတယ်။
[မပင်ပန်းပါဘူး မပင်ပန်းဘူး၊ နည်းနည်းမှကို မပင်ပန်းဘူး၊ နေ့တိုင်း မင်းဆီလာတွေ့ရဖို့ကိုပဲ မစောင့်နိုင်ဖြစ်နေတာ]

Pay Attention To Me [Myanmar Translation]Where stories live. Discover now