Episode♡22

5.4K 557 68
                                    

"မင်းဘယ်သူလဲ"

"မင်းဘာကြံ​နေတယ်ဆိုတာ ငါသိတယ်"

ထိုအကျီအမဲနဲ့လူကသူ့လည်ပင်းကို ဓါးအိမ်ဖြင့်​ထောက်ကာ ​ပြော​တော့ ဒီလူဟာသူ့​အ​ကြောင်းသိသူဘဲဖြစ်မယ်။

"သိ​နေ​တော့​လဲ မထူး​တော့ပါဘူး"

ဆိုကာ လက်သည်း​တွေထုတ်ပြီး အနက်​ရောင်၀တ်ရုံနဲ့လူကိုဆွဲခြစ်လိုက်သည်။အ​ရှောင်​ကောင်းတဲ့ထိုလူကလဲ ​ပေါ့​သေး​သေး​တော့မဟုတ် သူ့​ရှေ့​ရောက်လာတဲ့လက်ကိုဆွဲကာ နံရံဘက်ကို​စောင့်တွန်းလိုက်တာ​ကြောင့်အရပ်၀တ်နဲ့ ​သွေးစုတ်​ကောင်မှာ​ကျော​အောင့်သွားရသည်။လူ​ခြေတိတ်​သော လမ်းကြား​လေးထဲတွင် တိုက်ခိုက်သံ​တွေတစ်စတစ်စကျယ်​လောင်လာသည်နှင့်အမျှ လူ​တွေမှာလဲ ထိုအနီးအနားသို့​ရောက်လာကြသည်။

တစ်​ယောက်နဲ့တစ်​ယောက်တိုက်ခိုက်​နေစဥ် အမဲ​ရောင်၀တ်ရုံနဲ့လူရဲ့မျက်နှာမှ ပုဝါစသည် ​​မြေပြင်​ပေါ်သို့ ပြုတ်ကျသွားသည်။

"ဟက် ဘယ်သူများလဲလို့ အရင်ဘုရင်ရဲ့နောက်လိုက်​ခွေးကို"

"​နောက်ထယ်​ယောင်းနားမကပ်နဲ့"

"အဲ့​တော့"

"မင်းသားကို လက်နဲ့ထိမိတာနဲ့ မင်းကိုအ​သေသတ်မိလိမ့်မယ်"

"မိစ္ဆာ​ကောင် ဟိုမှာမိစ္ဆာ​ကောင်!!"

လူ​တွေကလက်သည်းရှည်​တွေနဲ့​ကောင်ကို​တွေ့​တော့ က​လေး​တွေကိုအိမ်ထဲ၀င်ပုန်းခိုင်းပြီး အရပ်သား​တွေက​တော့ ဓါးတစ်​ချောင်းဖြင့် ​ပြေးလာကြသည်။

"ဒီလူ​​တွေ ချီး"

သူပြန်ချရင် ချက်ချင်း​သေသွားမှာသိပင်မဲ့ လူ​တွေကအများကြီးမှအများကြီး​ပြေးလာတာ​ကြောင့် အိမ်​တွေကြားမှ တစ်ဖက်ကမ်း​တောအုပ်ထဲကို ​​ပြေးသွားတဲ့ ​သွေးစုတ်​ကောင်မြို့စားဟန်.....

"ဟိုမိစ္ဆာဘယ်​ရောက်သွားတာလဲ"
"ဒီက​ကောင်​လေးအဆင်​ပြေရဲ့လား လက်မှာဒဏ်ရာရထားတယ်"

"ရပါတယ်"

"​စော​စောစီးစီးငါတို့ကို​​အော်​ခေါ်သင့်တယ်​ကောင်​လေး ​တစ်​ယောက်ထဲဆို ​သေသွားမှာ ငါတို့အ​ရောက်မြန်လို့​ပေါ့"

More  Than  Love::TK::{Completed}Where stories live. Discover now