၆၅ (side couple)

8.7K 1K 32
                                    

Warning : Sexual content alert!

Unicode

ထိန်းချုပ်မရသော လိုအင်ဆန္ဒများ

အရည်အသွေးစစ်ဆေးမှုနှင့် ထုတ်လုပ်ခွင့် လိုင်စင်သာရှိလျှင် အင်ပါယာကမ္ဘာတွင်သာမက အခြားကမ္ဘာများထိပါ စိတ်ကြွဆေးများကို ဖြန့်ချိလို့ရ၏။ ၎င်းစိတ်ကြွဆေးများသည်ကား လိုအင်ရမ္မက်ကိုသာ လှုံ့ဆော်ပေးနိုင်စွမ်းရှိ၍ သုံးစွဲသူ၏ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုး လုံးဝ မဖြစ်စေပါချေ။ ထို့အပြင် ၎င်းဆေးများက ကလေးမွေးဖွားနှုန်းကိုလည်း မြင့်မားလာစေနိုင်သောကြောင့် အစိုးရကိုယ်တိုင်ကလည်း ၎င်းအား အသုံးပြုရန် အကြံပြုထားသေးလေ၏။

မည်သို့ပင်ဆိုစေကာမူ စိတ်ကြွဆေးများမှာလည်း လက်ခံအသုံးပြုသူများ၏ ခန္ဓာကိုယ်အသွေးအသားအရ အကျိုးသက်ရောက်မှု အမျိုးမျိုးရှိသည်။ အချို့လူများသည်ကား ၎င်းဆေးနှင့်ပတ်သက်၍ ဘာဆိုဘာမျှ တုံ့ပြန်မှုမရှိသည့်တိုင် အချို့ကမူ ဆေးပမာဏ အနည်းငယ်မျှနှင့်ပင် အသိစိတ်လွတ်သည်အထိ တဏှာ၏သားကောင် ဖြစ်သွားတတ်ကြပေ၏။

ချန်းရွှီမှာလည်း ဒုတိယမြောက်သော လူစားမျိုးထဲက တစ်ယောက် ဖြစ်ရသည်ပင်။

အမှန်အတိုင်းဆိုရလျှင် ချန်းရွှီသည်ကား ရန်းချီနှင့်မတွေ့ခင်အချိန်ကအထိ မိမိကိုယ်ကို တဏှာရပ်ရေးရာကိစ္စများနှင့် ပတ်သက်၍ အတော်လေး စိတ်ဝင်စားမှုကင်းမဲ့သူဟု ထင်မှတ်မိထားခဲ့ခြင်း ဖြစ်လေ၏။ အတိတ်အခါက သူ၏အနား၌ လက်ရဲဇက်ရဲပြုမူတတ်သော အမျိုးသမီးများစွာ ရှိခဲ့ဖူးသည့်တိုင် သူ့အနေဖြင့် sex ကိစ္စကို မကြာခဏ လုပ်လေ့မရှိခဲ့ပါချေ။ ထို့အပြင် အခြားလူများ၏ပါးစပ်ဖျား၌ တတွတ်တွတ် ပြောနေကြသော သာယာမှုဟူသည်မှာလည်း ချန်းရွှီအတွက် သာမန်မျှသာ ဖြစ်ခဲ့ရသည်။ သူ့အတွက်မူ အတွေ့အကြုံရရန်အတွက် တစ်ခါမျှ စမ်းသပ်ခဲ့ပြီးလျှင် လုံလောက်ပြီဖြစ်ကာ ထိုကဲ့သို့ စမ်းသပ်ပြီးနောက်တွင်လည်း ၎င်းခံစားချက်က ကောင်းကင်ဘုံကို ရောက်သွားသကဲ့သို့ တမ်းတမ်းစွဲ မဖြစ်ရပြန်ပါပေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now