Ep.27

1.3K 140 32
                                    

ကျွီ.ကျွီ.ကျွီ.

ဝေါယဥ်ကြီးရပ်တန့်သွားချိန်တွင် ရှေ့မြင်းပေါ်က ဂန်မင်းသမီးဟာ ဝေါယဥ်ရှိရာသိုဆင်းလာခဲ့ပြီး သူ့ရဲ့ချစ်လှစွာသော ကြင်သူဆီသို့ လက်ကမ်းပေးတယ်...

ထိုလက်ဖဝါးထဲရောက်ရှိလာတဲ့ လက်ဖြူဖြူလေးတွေကို အသေအချာဆုပ်ကိုင်ပြီး ဂျိုဆွန်းနန်းတော်ထဲဝင်သွားကြတယ်....

နန်းတွင်းသူ နန်းတွင်းသားတွေဟာ မင်းသမီးနှစ်ယောက်အားစိတ်မဝင်စားဘဲ အနောက်တွင်လိုက်လာသော မျက်နှာဝင်ပဝါစည်းထားတဲ့ လူကိုသာစိတ်ဝင်စားကြတယ်....

ဒူ.ဒူ.ဒူ

နန်းတွင်းစည်ကြီးတီးခတ်ပြီးတဲ့နောက် နန်းရင်ပြင်ကြီးထဲ ဝေါယဥ်စီးကာရောက်လာသူ မင်းသမီးကို မူးမတ်တွေဟာ ဒူးထောက်ရုံမက ကြမ်းပြင်နဲ့ဒူး ထိသည်အထိ ဂါရဝပြုကြသည်...

ဒူ.

မင်းသမီးဟာ ဝေါယဥ်ပေါ်ကနေဆင်းကာ ဘုရင့်ပုလ္လင်အနားထိတက်ရောက်သွားပြီးတဲ့နောက် ဘုရင်ဟာ မင်းသမီးကို သရဖူ ချီးမြှောက်တယ်...

"ဘုရင်မကြီး ကျန်းမာပါစေ"
"ဘုရင်မကြီး ကျန်းမာပါစေ"
"ဘုရင်မကြီး ကျန်းမာပါစေ"

Ni:ဒီနေ့ ဒီအချိန်ကနေစပြီး ငါဟာဂျိုဆွန်းတိုင်းပြည်ကို အသက်နဲ့ခန္ဓာရင်းပြီးကာကွယ်သွားမယ်လို့ ပြည်သူလုထုကို သက်သေတည်ပြီး ကတိသစ္စာဆိုတယ်...

"ဘုရင်မကို သစ္စာခံပါတယ်"

Ni: ထပါ စစ်သူကြီး လင်း

"မခံယူဝံ့ပါ အရှင်မ"

Ni: မင်းနဲ့ထိုက်တန်တဲ့နေရာပါ လင်း

"ဘုရင်မ ကျေးဇူးတော်နဲ့ပါ"

မင်းသမီးဟာ ဘေးတွင် လစ်ဟာနေသော နေရာသို့တဖက်စောင်းကြည့်ကာ ဝဲတက်လာသော မျက်ရည်တွေကိုပုပ်ခတ်လိုက်တယ်

နန်းတက်ပွဲအပြီး ညအချိန်မှသာလျှင် နန်းဆောင်ပြန်အနားယူရတာကြောင့် ထိုကြပ်ထုပ်နေသော ဘုရင်မဝတ်ရုံကြီးကို ဆွဲချွတ်ပစ်လိုက်သည် ထိုဝတ်ရုံတွေဟာခမ်းနားသော်ငြား အတော်ကိုအသက်ရှုကြပ်လှသည်....ခပ်ပါးပါး ဝတ်ရုံလေးကိုသာရုံထားလိုက်ပြီးဝင်လာတဲ့အတွေးတချို့ကြောင့်

Last Tear (Season 1)Where stories live. Discover now