Chapter - 3 (Part 2)

1.7K 320 6
                                    

Unicode

ကျောင်းကုန်းဇီက အရမ်းစိတ်တိုသွားပြီး ငါ့ကို မကျေမနပ်ပြောလာတယ်, "မင်း ဘာမှမလုပ်နိုင်ဘူးလို့ ထင်‌နေတာသာမဟုတ်ရင် ငါ ဒီကို ပြန်မလာဖို့အတွက် အကြောင်းပြချက်တစ်ခုတော့ရှိမှာပဲ "

ငါက ပြန်ဖြေလိုက်တယ်, "အင်း, ဟုတ်တယ်, အဲဒီတုန်းက မင်းငါ့ကို လက်ထပ်ချင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က မင်း ဒီကနေ ထွက်သွားဖို့အတွက် အကြောင်းပြချက်တစ်ခုလိုချင်လို့ပဲလေ"

ကျောင်းကုန်းဇီက အော်တယ်, "အဲ့လိုမဟုတ်ဘူးလို့ ငါပြောပြီးပြီလေ! မင်းမှာ စောက်ပြဿနာရှိ‌နေလား?!"

ငါက မေးလိုက်တယ်, "ဒါဆို ဘာလို့လဲ"

ကျောင်းကုန်းဇီက စူးစူးဝါးဝါးအော်ပြောတယ်, "မင်းက သင့်တော်တဲ့အခမ်းအနားတွေမရှိဘဲနဲ့ လက်ထပ်ဖို့ အဆင်သင့်မဖြစ်ဘူးလို့ ပြောခဲ့တယ်လေ, သေစမ်း!"

အမှန်တော့ အဲဒီ့အချိန်က ငါ သူ့ကို သိမ်‌မွေ့စွာနဲ့ ငြင်းပယ်ဖို့ ကြိုးစားနေခဲ့တာ။ ဒီလိုပုံစံမျိုး သူ နားလည်မှုလွဲသွားမှန်း ငါမသိခဲ့ဘူး။

"မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ?"

တံခါးဝမှာ ကျောင်းကုန်းဇီရဲ့အငယ်ဆုံးဦးလေးရှိနေတယ်။ သူ့ရဲ့အငယ်ဆုံးဦးလေးက သူ့ထက် သုံးနှစ်ပဲပိုကြီးပြီး ဆရာဝန်တစ်‌ယောက်ဖြစ်တယ်။ သူက အရမ်းထက်မြက်ပြီးတော့ ခေတ်မီတယ်။

ကျောင်းကုန်းဇီက ငါ့ကို ဒေါသတကြီးနဲ့ ရဲရဲကြီး စိုက်ကြည့်နေရင်း သူ့ရဲ့ အငယ်ဆုံး ဦးလေးဖြစ်သူကို ပြောလိုက်တယ်, "ရိရှင်က နောက်တစ်ကြိမ်လက်ထပ်ဖို့ စိတ်ကူးယဉ်နေတာလေ, အဓိပ္ပာယ်မရှိလိုက်တာ"

သူပြောနေတာ ဘယ်သူလဲ ငါမသိပေမယ့် ကျောင်းလောင်က အရှက်မရှိဘူးဆိုတာကို‌တော့ ငါ သိတယ်။ (ကျောင်းကုန်းဇီက 'အဓိပ္ပာယ်မရှိလိုက်တာ' လို့ပြောလိုက်တာကို အသံထွက်အရ ရိရှင်က လူနာမည်တစ်ခုနဲ့ နားကြားမှားသွားပြီး အဲ့လူက အဓိပ္ပာယ်မရှိဘူးလို့ ပြောလိုက်တာထင်သွားတာပါ)

ငါက အနည်းငယ်ပြုံးပြီး ပြောလိုက်တယ်, "ဆရာဝန်က မင်းခေါင်း အရိုက်ခံထားရလို့ အနားယူဖို့ပြောထားတယ်လေ, ငါ ဦးလေးနောက် လိုက်သွားပေးလိုက်မယ်"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now