[ 27 ]

29.7K 2.6K 34
                                    

[ သူကြီးသမက် ]

" ဟော့ ဟိုမှာအရိပ်လာပြီ "

အဖေတို့အိမ်အရောက် မစောထွေးကအရိပ်ကိုမြင်တော့ပြောလာသည်။

" အတော်ပဲအရိပ်ရေ...ငါ့ဒီမှာနင့်မှာထားတဲ့ ပုဆိုးနဲ့ပါတိတ်လုံချည်လာပို့တာ နင့်ညီမကလဲဝမ်းဆက်တစ်စုံယူမယ်တဲ့ "

" ဟုတ်ကဲ့မစောထွေး ပုဆိုးအကွက်ကျဲနောက်တစ်ကွင်းနဲ့အကွက်စိပ်လေးသုံးကွင်းလောက်ထပ်ယူဦးမယ်ပါခဲ့လား "

" ပါတယ် ပါတယ် ဒီမှာနင့်ကြိုက်တဲ့အရောင်နဲ့အကွက်ရွေးလိုက် "

အရိပ်လည်းကွပ်ပျစ်မှာဝင်ထိုင်လိုက်ပြီး မစောထွေးရဲ့အဝတ်ထုပ်ကိုဆွဲဖွကာ ဦးလေးရိုးဟန်အတွက်ပုဆိုးအကွက်ကျဲလေးတစ်ကွင်းရွေးပြီးရိုးအတွက်ကိုတော့အကွက်စိပ်လေးအစိမ်း နီညိုရောင်နဲ့ခရမ်းပြာလေးသုံးကွင်းရွေးလိုက်သည်။

" အဖေတစ်ကွင်းလောက်ထပ်ယူဦးမလား ဒီအကွက်လေးကအဖေနဲ့ဆိုကြည့်ကောင်းမှာ "

" တော်ပြီ အဖေမှာလာကန့်တော့ထားတဲ့ ပုဆိုးတွေအများကြီးပဲရှိတယ် "

အဖေအပြောကြောင့် အရိပ်လက်ထဲမှာကိုင်ထားတဲ့ ဇီးရောင်ပုဆိုးအကွက်ကျဲလေးကိုလက်ထဲကမချချင်အောင်ကြိုက်နေပြီဖြစ်၏ ပုဆိုးကလဲလူကြီးအဆင်ဖြစ်နေတာကြောင့် ဦးလေးရိုးဟန်အတွက်ထပ်ယူလိုက်တော့ ဦးလေးရိုးဟန်အတွက်ကနှစ်ကွင်းဖြစ်သွားပြီ ရိုးအတွက်ဆိုကာရွေးထားတာကသုံးကွင်းအားလုံးပေါင်းငါးကွင်းဖြစ်သွားတော့ နံဘေးကနေအမေကမေးလာတော့သည်။

" ဟဲ့ အဲလောက်ပုဆိုးတွေအများကြီးဘာလုပ်မလို့လဲ ပြန်ရောင်းစားဖို့လား "

အမေရဲ့စကားကြောင့် အရိပ်ရယ်လိုက်၍။

" ဦးလေးအတွက်နှစ်ကွင်း ရိုးအတွက်သုံးကွင်းလေ အမေသမက်အကြောင်း ဘာသိလို့လဲ အင်းထဲဆင်းလည်းပုဆိုးအကောင်းကိုမလဲဘူး ဒီအတိုင်းဆင်းတာ သူ့မှာပုဆိုးအကောင်းရယ်လို့သုံးကွင်းတောင်ပြည့်အောင်မရှိတော့ဘူး "

" အကုန်လုံးအလုပ်လုပ်ဝတ်တဲ့ ပုဆိုးစုတ်တွေဖြစ်ကုန်ပြီ "

အရိပ်အမေကိုရိုးရဲ့စည်းကမ်းမရှိပုံကိုပြောပြရင်းမစောထွေးကိုကြည့်လိုက်၍။

( သူကြီးသမက် )  CompletedWhere stories live. Discover now