part25(zawgyi)

870 10 2
                                    

Love+Love
Author blackclock

Chapter 14

  " မမ မမသွေးရေ
စေစေတို့ ပြန်လာပြီ"

    အိမ်ထဲ မရောက်သေးခင် ကြားရပါလေပြီ။

"အဆိုတော် အာပြဲစိန်မရယ် အသာလုပ်စမ်းပါ
လာစမ်း လာစမ်း သားမုန်းသွေး"

"အို အို မမကြီးနော် ကလေးကို
စေစေ ဇွတ်ခေါ်သွားတာရယ်
မဆူပါနဲ့"

"ဆူမှာပဲအေ ဘာဖြစ်လဲ"
"မမကလည်း ပေးဘူး သားသားကို၊
နဂိုကမှ ကလေးကို စိတ်ပူပြီး
ပြန်လာရပါတယ်ဆို"

"ဟယ် ဘယ်လို ဘာ ဘာဖြစ်လာလို့လဲ
ညည်း ဖန်တွေက ငါ့သားကို မုန်းကြလို့လား
အဲ့တာ ပြောတာပေါ့ ကလေးတကားကားနဲ့
မသိရင် ကလေးအမေကြနေတာပဲ ဒီအစ်မ
ပြောတာလည်း နားမဝင်ဘူး"

"မမကလည်း မဟုတ်ပါဘူး ရော့ ဒီမှာ
ကလေးက လန့်နေရှာတာ မငေါက်နဲ့
သလားလို့"

"အေးပါဟယ် လာ လာ ပေး ကလေးကို
ညည်း ရေမိုးချိုးတော့ သွား၊ ပြီးရင် ဆင်းလာ
ခဲ့တော့ အစ်မ ချက်ပြုတ်ထားပေးတယ်"

"သားမုန်းသွေး တီလေးနဲ့ ရေချိုးမလား"

"ဖြောင်း……"
"အား အားလားလား ကျောကော့အောင်
ရိုက်တယ် ကြည့်"

"အမြင်ကတ်လို့ဟေ အမြင်ကတ်လို့
သွား ကိုယ့်ဖာသာ နေတော့ သွား မိစေ နော်"

"ဟုတ်ကဲ့စင့်"
"ပြောင်စပ်စပ်လုပ်နေ သွား ဝေ့မနေနဲ့"

"ဟုတ်ကဲ့စင့်"

        ပြောင်စပ်စပ်လေး လုပ်ကာ တက်သွား
သော စေစေ့ကို အသွေး ငေးနေမိသည်။

" မေမေ "
  ထိုအခိုက် ခေါ်လာလေသော ကိုယ်တော်
ချောလေးဆီက အသံ။

"ဘာတုန်း မုန်းသွေး"
"မေမေ သား မှားသွားပါတယ်"
"မုန်းချင်စရာ သွား ရေချိုးမယ် အခန်းထဲဝင်
နောက်တစ်ခါ မင်း အမေမသိတုန်း လိုက်ရဲ
လိုက်သွားကြည့် အိမ်ထဲကနေ ကန်ချပစ်မယ်"

"ဟုတ်"

  မုန်းသွေးကလေး ခမြာ ခေါင်းလေးငုံ့ကာ
အခန်းထဲ ဝင်သွားရှာလေတော့ အသွေး
စိတ်မကောင်း။ သားကို သေမတတ်ချစ်မိ
ပေမယ့် သားကိုယ်မှာ စီးဆင်းနေတဲ့ တစ်
ယောက်သောသူရဲ့ သွေးကြောင့် အသွေး
ချစ်ချင်လျက်နဲ့ သားကို မုန်းသလိုသာ ဆက်
ဆံနေမိတော့သည်။

Love + Love [Normal Fiction]Where stories live. Discover now