ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)

5.3K 886 39
                                    

[TN:spoilတယ်လို့တော့မထင်ကျပါနဲ့ ​ကြိုတင်ပြင်ဆင်ရအောင်ပြောပြတာပါ😁ဒီChapter ကနေ စပြီးArc အဆုံးထိက ဒဏ္ဍာရီလာဓားတွေပါပဲရှင်....ဘယ်သူ့ကိုသနားရမှန်းမသိရင် ဒီကရေဘဝဲမကြီးကိုသာ လာသနားကျပါ....စကားမစပ်ပြောလိုက်ပါဉီးမယ် ကျိုးရိအန်က ကျယ်မအပိုင်ပါ... OC ခြင်းသည်းခံပါ😁😁]

ကျိုးရိကျယ်က တည်းခိုဆောင်ကို မပြန်တော့ဘဲ ညတွင်းချင်း အိမ်ပြန်ဖို့ပြင်လိုက်တယ်။

အသက်ဝိဉာဉ်ကင်းမဲ့နေတဲ့ အရုပ်တစ်ရုပ် သဖွယ်ဖြစ်နေတဲ့ ရှဲ့ဟယ်က ကျိုးရိကျယ် လုပ်ပေးသမျှကိုငြိမ်ခံနေခဲ့တယ်။ကျိုးရိကျယ်က ရှဲ့ဟယ်ကို ရေချိုး၊အဝတ်အစားလဲပေးလိုက်ပြီး ကုတင်ပေါ်တင်ပေးလိုက်တယ်။ကလေးတစ်ယောက်ကိုချော့မြှူနေသလို နူးညံံ့တဲ့လေသံနဲ့.....

"ကိုယ် မင်းနဲ့အတူရှိနေပေးမယ်....အိပ်တော့နော်..."

ရှဲ့ဟယ်က သူ့ကို ဉီးတည်ရာမဲ့နေတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး မျက်လုံးတွေကိုဖြည်းညှင်းစွာမှိတ်ချလိုက်တယ်။

ကျိုးရိကျယ်က ရှဲ့ဟယ်အိပ်ပျော်သွားတဲ့အထိပွေ့ဖက်ပေးထားပြီး ချစ်ခြင်းတရားအပြည့်ပါတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်...ထိုနောက်..ရှဲ့ဟယ်ရဲ့နဖူးပြင်ကို အနမ်းတစ်ပွင့်ပေးအပ်လိုက်တယ်။

ရှဲ့ဟယ် တစ်ညလုံးကောင်းမွန်စွာအိပ်စက်နိုင်ခဲ့တယ်။အိပ်ယာနိုးချိန်မှာ ကျိုးရိကျယ်ကိုမတွေ့တော့ပေ....တစ်စုံတစ်ခုကိုတီးတိုးရေရွှတ်လိုက်ပြီး အခန်းတံခါးဖွင့်ပြီးပြေးထွက်သွားလိုက်တယ်။

ဆူညံသံတွေကြောင့် ကျိုးရိကျယ် မီးဖိုခန်းထဲကနေထွက်ကြည့်လိုက်တယ်။သွေးမရှိတော့သည့်နှယ်ဖြူဖျော့နေတဲ့ကောင်လေးက ခြေဗလာနဲ့အခန်းတံခါးဝမှာမတ်တပ်ရပ်နေတယ်။ကောင်လေးရဲ့မျကိဝန်းတွေထဲက သွေးပျက်ခြောက်ခြားမှုတွေကိုမြင်လိုက်ချိန်မှာ ကျိုးရိကျယ်ရဲ့နှလုံးသားကို အေးစက်နေတဲ့လက်ချောင်းတွေနဲ့ ဖျစ်ညှစ်ထားသလိုခံစားလိုက်ရတယ်။ကောင်လေးရှေ့ကို သွားလိုက်ပြီး နူးညံ့စွာ မေးမြန်းလိုက်တယ်။

"ဘာဖြစ်လို့လဲ??

ရှဲ့ဟယ်က ရုတ်တရက်ဆိုသလို ကျိုးရိကျယ်ကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်တယ်...ကျိုးရိကျယ်ရင်ခွင်ထဲမှာ မျက်နှာအပ်ထားတဲ့ ကောင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေတယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now