11.4

3.6K 517 21
                                    

(Unicode)

ဒါပေမဲ့ လုမိန်ချင်းမထင်မိတာတော့ ချန်လီကောကသူ့အဖေပြောစကားကို လိမ်လိမ်မာမာ နားထောင်နေတာမဟုတ်ဘဲ သူ့အဖေက ထိန်းချုပ်ခံနေရတယ်ဆိုတာပဲ။

လုမိန်ချင်းက သူနဲ့ယွမ်အန်းကောမှာကိစ္စတစ်ခု
ရှိလို့ တွေ့ရမှာဖြစ်တဲ့အကြောင်း ထို့နောက်
ချန်လီကောကိုပါ သူတို့နဲ့အတူ တွေ့ဆုံဖို့
ဖိတ်ကြောင်းပြောလာတယ်။

ချန်လီကောက သဘောတူလိုက်တယ်။

ထို့နောက် လုမိန်ချင်းက ချန်လီကော ကောလိပ်မှာ ပျော်မပျော် မေးလိုက်တယ်။

ချန်လီကောက အစကတော့ ကောလိပ်မှာ
ချစ်စရာမိန်းကလေးချစ်သူလေး ရနေပြီဖြစ်ကြောင်း ကြွားချင်ပေမယ့် လုကျစ်ရန်က
သူ့ဘေးနားမှာ ကပ်ထိုင်နေတာကြောင့် တိုးတိုးလေးပဲ ရေရွတ်လိုက်တယ်။

"ပျော်ပါတယ်"

လုမိန်ချင်းက သူ့ကို သီချင်းတစ်ပုဒ် ရွတ်ဆိုပြီးတောင် စလိုက်သေးတယ်။

ချန်လီကောက ဖုန်းချလိုက်ပြီးနောက် လုကျစ်ရန်က သူ့ကိုမေးလာတယ်။

"မင်း သူမကိုကြိုက်လား"

ချန်လီကောဟာ မျက်လုံးတွေ ဝိုင်းစက်သွားရင်း
သူဘာကြောင့်ဒီလိုမေးတာလဲဆိုတာ စဥ်းစားနေတယ်။

လုကျစ်ရန်က ပြောလာတယ်။

"မင်းအထက်တန်းတုန်းက သူမဆီကို လတိုင်းသွားလည်တယ်.........ဒါ့အပြင် ကောလိပ်မှာ
မင်းထားခဲ့တဲ့ မိန်းကလေးချစ်သူ လဲ့ကျစ်ထောင်ကလည်း လုမိန်ချင်းနဲ့ ရုပ်ဆင်တယ်လေ"

လုကျစ်ရန်က အများကြီး တွေးနိုင်တာပဲလို့
ချန်လီကောက စဥ်းစားမိလိုက်တယ်။သူလည်း
အခုမှ သတိပြုမိတယ် အဲဒါက မိန်းကလေးနှစ်ယောက်စလုံးရဲ့ မျက်လုံးတွေဟာ ဆင်တူတယ်ဆိုတာ။သို့ပေမယ့် သူက ဘာမှမပြောနိုင်ခဲ့ဘူး။

လုကျစ်ရန်က ချန်လီကောကို ကြည့်ပြီးမေးလာတယ်။

"ဘာလဲ?????အခုထိ လက်မလျှော့သေးဘူးလား"

ချန်လီကောက မိန်းမလိုက်စားတဲ့ လူတစ်ယောက်လို ဟန်ဆောင်လိုက်ရင်း တည်ငြိမ်စွာ ပြောလာတယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now