Arc.8.2
3.6K 488 22
သူ သတိရရချင်း သူ့အား ပထမဆုံး ကြိုဆိုနေသည့် အရာက မှောင်မဲနေသည့် မြင်ကွင်း တစ်ခုပင် ။ အလင်းတစ်စကိုပင် ရှာလို့ မတွေ့ သည့် နေရာတွင် သူက အေးစက်သည့် သစ်သားကုတင်၏ အထိအတွေ့ ကိုသာ ခံစားမိနေခဲ့၏ ။
ဘုတ် !!
ခန္ဓာကိုယ် တစ်ခုလုံး ကိုင်ရိုက်ခံထားရသလို နာကျင်မှုက စိမ့်တက်လာခဲ့ပြီး ခန္ဓာကိုယ်ကို မထိန်းနိုင်တော့သဖြင့် ကုတင်ပေါ်မှ ပြုတ်ကျသွားခဲ့သည် ။
" စီနီယာ ...သတိရလာပြီလား အဆင်ပြေရဲ့လား " စိုးရိမ်တကြီး အသံနဲ့အတူ သူ့အား လာတွဲထူလာသည့် သူကြောင့် သူက မျက်မှောင်ကြုတ်လိုက်သည် ။ " ဒီမှာ ဘာလို့ အရမ်းမှောင်နေတာလဲ .."
" စီနီယာ .. ဘာတွေပြောနေတာလဲ .. အခုက နေ့ဘက်ကြီးလေ .." ပြော‌နေသည့် လူငယ်၏ စကားသံက ရပ်တန့်သွားခဲ့သည် ။ ထိုသူက အထစ်ထစ်အငေါ့ငေါ့ဖြင့် " ..စီနီယာ.. စီနီယာရဲ့ မျက်လုံး.. မျက်လုံးတွေက .."
" ထွက်သွား !! ငါမခေါ်မချင်း အထဲမဝင်လာနဲ့ .." အေးစက်စက်အသံက လူငယ်အား တုန်ယင်သွားစေခဲ့သည် ။ လူငယ်သည် သူ့အား ကုတင်ပေါ်သို့ တင်ပေးဖို့ပင် မေ့လျော့သွားကာ အလောတကြီး ထွက်သွားသည်ကို သိလိုက်ကာ လူငယ်၏ ကြောက်ရွံ့မှုကို ခံစားမိလေသည် ။ သူသည်လည်း ကုတင်ပေါ်သို့ ပြန်တက်ရန် အားမရှိသည် ဖြစ်ရာ ကုတင်ကို မှီထားရင်းသာ ဇာတ်ကြောင်းကို တောင်းလိုက်တော့သည် ။
ဇာတ်ကြောင်းသည် ကျင့်ကြံရေး နောက်ခံဖြင့် ရှန်းရှ ‌ဇာတ်ကြောင်း တစ်ခုဖြစ်သည် ။ အဓိက ဇာတ်လိုက်သည် မို့ယောင် သည် သေးငယ်သည့် ဒေသက ကျင့်ကြံရေးမိသားစု တစ်ခု၏ အပယ်ခံ တစ်ယောက်ဖြစ်သည် ။ တစ်နေ့ တောအုပ်ထဲတွင် လေ့ကျင့်နေရင်း ရှေးဟောင်းကျင့်ကြံသူ တစ်ယောက်၏ အမွေကို မတော်တဆရရှိလိုက်သည် ။
သေချာပေါက် ထိုအရာသည် ဇာတ်လိုက်၏ ပထမဆုံး cheat ကြီးပင် ။ ထိုနေ့ပြီးနောက် မို့‌ယောင်၏ ကျင့်ကြံဆင့်သည် ချက်ချင်း ထိုးထက်လာကာ မိသားစုထဲရှိ ပါရမီရှင်များ အား အပြတ်အသတ် အနိုင်ပိုင်း လိုက်တော့သည် ။ ကျင့်ကြံရေး လောက၏ လူအိုကြီးတစ်ယောက်သည် မို့ယောင် ရရှိသွားသည့် အမွေအား သဘောကျသွားခဲ့ပြီး လုယူဖို့ ကြိုးစားခဲ့သည် ။