part 12
8K 685 11
သူရ တစ်ယောက် သူ့သူငယ်ချင်းစိုင်းခနဲ့ဇေးကို
ရိပ်မိတယ်လို့ဆိုရမလား... သူမြို့တက်ပြီးပြန်
လာချိန်တိုင်းအိမ်မှာ တစ်ခုခုထူးခြားတယ်ဆိုတာသတိထားမိနေသည်။သက်သေမရှိသေး
တာကြောင့်သာထုတ်မမေးခြင်းဖြစ်သည်။
မမေးတာထက်မမေးရဲတာဆိုပိုမှန်မည်
ပြန်ဖြေလာတဲ့အဖြေကို ခံနိုင်ဖို့သူ့မှာအင်အား
မရှိဘူး...
"အစ်ကို"
"ဟင်"
"ကျွန်တော့်ကိုချစ်လား"
"ချစ်တယ်လေ ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး ... ဟို အရင်လိုတော့မရှုတ်
တော့ဘူးမလား"
"ဘာလဲမယုံလို့လား"
"မဟုတ်ပါဘူး..အဲ့လိုသဘောမဟုတ်ဘူး
ထားပါ ဒီည ရွာမီးပုံပွဲရှိတယ် "
"ဟုတ်လား... ကိုယ်တစ်ခါမှမကြုံဖူးဘူး"
"အင်းသွားကြမယ်လေ"
ညရောက်တော့ သူတို့နှစ်ယောက်ပြင်ဆင်ပြီး
လက်တွဲကာထွက်လာလိုက်သည်။မီးပုံပွဲ
နေရာမရောက်ခင်စိုင်းခက သူတို့နားရောက်လာ
ပြီး သူတို့နှစ်ယောက်ကားဝင်ရပ်လိုက်သည်။
"မီးပုံပွဲသွားမလို့လား တူတူသွားမယ် "
"အင်းသွားမယ် လေ"
စိုင်းခက ကြားထဲကနေသူရနဲ့ဇေးရဲ့လက်ကို
တွဲကာ ထွက်လာလိုက်သည်။မီးပုံပွဲရောက်
တော့လဲ စိုင်းခက ဇေးနားမှာဘဲကပ်နေပြီး
သူ့ကိုတောင်ရှိတယ်မထင်ပေ။အားလုံးပျော်ကြ
ရွင်ကြနဲ့ ဝိုင်းဖွဲ့နေတုန်းထိုထဲကမိန်းကလေး
တစ်ယောက်က
"သူရ...နင်သီချင်းဆိုပြပါလား နင့်အသံမကြား
ရတာကြာပြီး"
အားလုံးကလဲထောက်ခံနေတာကြောင့်ဂီတာ
ယူကာသီချင်းဆိုရင်ပြင်လိုက်သည်။မဆိုခင်
စိုင်းခနဲ့ဇေးဘက်လှည့်ထိုင်ပြီးပြုံးပြလိုက်သည်။
*တစ်ခါဘဲ ဒီတစ်ခါသတိပေးတဲ့အနေနဲ့ ပါ
ငါမြင်တဲ့နေ့ ငါကိုယ်တိုင်ပျောက်ကွယ်သွားရ
လိမ့်မယ် *
🎵စံပယ်ရယ်သူငယ်ချင်းတွေမို့..ယုံကြည်စွာ
တိုင်ပင်ခဲ့ဖူးကြသည်