part 13
8.1K 698 25
ဇေးတစ်ယောက်မနက်လင်းတာနဲ့သူရအခန်း
ကိုသွားကြည့်ချိန်လူမတွေ့ဘဲစာတစ်စောင်သာ
တွေ့ခဲ့သည်။ စာဖတ်ပြီးမှာကုတင်ဘေးထိုင်ကာ
သူငိုနေမိသည်။သူမှားတာ သူ့စိတ်သူမနိုင်လို့
သူထားခဲ့ခံရတာ ကိုယ်မင်းရှာမယ် ရေမြေဆုံး
ထိ...
သူအားတင်းပြီးရှာပေမယ်ပေ တစ်လသာ
ကုန်သွားတယ် မတွေ့ပေ။ဒါကြောင့်ပန်းခင်းထဲကအိမ်အိုလေးမှာဘဲ သူရပြန်လာမယ့်
အချိန်ကိုစောင့်နေတော့သည်။
——
ယောကူးတစ်ယောက်သူနဲ့ချစ်သောမောင်
ချစ်သူဖြစ်ပြီးထဲက သူ့အိမ်တွင်မနေဘဲ
ချစ်သောမောင်အိမ်တွင်လိုက်နေ နေသည်။
"ယောကူး...ငါ့ကိုကို ကိုလွှတ်မထားနဲ့နော်
ဟိုမိန်းမက ကိုကို့နားဘဲကပ်နေတာ"
"အေ့ပါဟာ... မိန်းမတွေကလဲနော် ဘိုကေမြင်
တိုင်း ဘဲငမ်းငမ်းတက် အရှစင်မှန်းလဲမသိ
တယ်ဘဲ ဒါနဲ့နင့်မားသားကြီးကရော"
"သူကတော့မေမဒီနဲ့သေချာပေါက်လက်ထပ်
ပေးမှာဘဲ သူ့မွေးနေ့မှာစေ့စပ်ပေးမယ်ထင်
တယ်"
"ဟင်းး...စိတ်ညစ်ပါတယ်ဟယ်"
"ဟဲ့..ဒါနဲ့ဟိုကောင်လေးက.."
"သူရလား...သူအဆင်ပြေပါတယ် ဇေးကတော့
မြေလှန်ရှာနေတယ်ကြားတယ် အဲ့ကောင်က
ရှိတုန်းကကျတန်ဖိုးမထားဘဲဟိုကထွက်သွား
မှဖြစ်ပျက်နေတာ"
" ဟုတ်ပဟယ်...ဒါနဲ့ ဟိုကောင်လေးက
ဘယ်သွားတာလဲ"
"ဂျပန် "
——
ချစ်သောမောင် တစ်ယောက် သူ့ရုံးခန်းထဲက
မေမဒီကြောင့်စိတ်ရှုတ်နေသည်။ ရှယ်ရာဝင်
ဖြစ်နေတာကတစ်ကြောင်း အမေ့ကြောင့်က
တစ်ကြောင်းနဲ့ မေမဒီ သူ့နားကပ်တာခွာထုတ်
မရပေ။
"ကိုချစ်သောမောင် နေ့လည်စာသွားရအောင်
လေ"
"ကျတော်တို့အနေထိုင်ဆင်ခြင်သင့်တယ်
အားလုံးကတမျိုးမြင်နေကြပြီး"
"ဘာဖြစ်လဲ ကျမတို့က လက်ထပ်ကြမယ့်လူ
တွေ ဘဲလေ"
" ငါကလက်ခံတယ်ပြောလို့လား"
"ထားပါ..သွားကြမယ်လေ မဟုတ်ရင်
ရှင့်အမေစီကျမဖုန်းဆက်လိုက်ရမလား"