54

9.6K 1.7K 48
                                    

Unicode

“ရင်းဆုယဲ့..”

ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်တော့ ရွှယ်ယို့ရှန်းက ချက်ချင်း ခေါင်းမော့ကာ ရင်းဆုယဲ့ကို ခေါ်လိုက်တယ်။ ဒါပေမဲ့ ရင်းဆုယဲ့နဲ့ အကြည့်ချင်းဆုံတဲ့အခိုက် ရွှယ်ယို့ရှန်းခမျာ ပါးစပ်ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ ဘာမှမပြောနိုင်ခဲ့ဘူး။ အသံတစ်သံမှ ထွက်မလာတော့သလို သူပြောချင်တဲ့စကားကို ဆက်ပြောသင့်လား၊ မပြောသင့်ဘူးလားဆိုတာလည်း မသိတော့ဘူး။

ရင်းဆုယဲ့နဲ့ ဟော်ရူယန်က အရမ်းရင်းနှီးတယ်ဆိုပေမယ့် သူတို့နှစ်ဦးကြားက လက်ရှိဆက်ဆံရေးက အတော်လေး ရှုပ်ထွေးတယ်။ ပြီးတော့ သူပြောမယ့် စကားတွေက ရင်းဆုယဲ့တို့နှစ်ယောက်ကြားက မကောင်းတဲ့ အတိတ်ကို ကျိန်းသေပေါက် ပြန်အစဖော်မိလိမ့်မယ်။

တခြားလူရဲ့ ဒဏ်ရာဟောင်းကို ပြန်ထိုးဆွတာက နည်းနည်း လူမဆန်သလိုပဲ.. အာ..!

ထိုအတွက် ရွှယ်ယို့ရှန်း တုံ့ဆိုင်းသွားတာ ဖြစ်တယ်။

“ဘာလဲ..?”

ရင်းဆုယဲ့ကလည်း ရွှယ်ယို့ရှန်းအပေါ်မှာပဲ အာရုံစိုက်ထားတာဆိုတော့ ကောင်လေးရဲ့ မျက်နှာပေါ်က စိတ်ရှုပ်ထွေးနေတဲ့ အမူအယာကို ချက်ချင်း အကဲခတ်မိလိုက်တယ်။ ကြည့်ရတာ ကောင်လေးက တစ်ခုခုကို ပြောချင်နေသလိုပဲ။ ဒါပေမဲ့ မပြောနိုင်ဘဲ ဖြစ်နေပြန်တယ်။ တစ်ခဏတွေးကြည့်ပြီးနောက် ဘာတွေဖြစ်ပျက်နေမှန်း ၈၀ ရာခိုင်နှုန်းလောက်အထိ ရင်းဆုယဲ့ ခန့်မှန်းမိသွားခဲ့တယ်။

ဒီကောင်လေးက ကြည့်ရတာ ကိစ္စတော်တော်များများကို သိထားတဲ့ပုံပဲ။ ဒါပေမဲ့ အချိန်တိုင်းလိုလို အတွေးလွန်နေတတ်တယ်။ ဒီတစ်ခေါက်တော့ ဟော်ရူယန်နဲ့ပက်သက်တဲ့ အရှုပ်အထွေးတွေကို ရွှယ်ယို့ရှန်း မပြောလာခင် သူ့ဘက်က အရင်ပြောပြထားမှ ဖြစ်မယ်။

“ကိုယ်နဲ့ ဟော်ရူယန်နဲ့ ဘာမှမပက်သက်တော့ဘူး..”

ရင်းဆုယဲ့က မတုံ့မဆိုင်း ပြောပြလိုက်တယ်။ ရွှယ်ယို့ရှန်း မသိလိုက်တာက ဟော်ရူယန်ကို လှမ်းကြည့်လိုက်တဲ့ ရင်းဆုယဲ့ရဲ့ ရေခဲမျက်ဝန်းတွေက ရွှယ်ယို့ရှန်းကို ကြည့်နေတဲ့အချိန်နဲ့ လုံးဝဆန့်ကျင်ဘက် ကွာခြားနေတယ်ဆိုတာကိုပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now