Chapter(44 - 1) - ​ယောင်ကျိုး

5.3K 1K 34
                                    

Unicode

အခန်း(၄၄-၁) - ယောင်ကျိုး

ရှန်ကျစ်ရှန်းသည် သူတို့ဘယ်အချိန်မှာ အိပ်ပျော်သွားလဲ ဆိုတာကို မမှတ်မိတော့ပေ။ သူမှတ်မိတာက ဝိုင်တန်ခိုးတွေ ပြန်ပြလာတဲ့အထိ ရန်ကျင်းက သူ့ကိုအချိန်အကြာကြီး ဖက်ထားပေးတယ် ဆိုတာကိုပဲ။

"အိပ်ရအောင်" သူက ရန်ကျင်းရဲ့ ကျောကုန်းကို ပုတ်ပေးလိုက်သည်လေ။

ရန်ကျင်းက သူ့ကို လွှတ်ပေးပြီး သူ့ကိုအိပ်ယာပေါ် ပြန်တင်ပေးလိုက်တာ။ ပြီးတဲ့နောက်မှာ ခဏလောက် ရပ်သွားပြီးနောက် သူကိုယ်တိုင်လည်း ဝင်လာခဲ့သည်။

ရှန်ကျစ်ရှန်းက တစ်ခုခု ပြောချင်ပေမယ့်လည်း စဉ်းစားလိုက်တဲ့အချိန်မှာ ဆက်မပြောတော့လေဘူး။ သူက ဘေးဘက်ကို ရွှေ့ပေးပြီးတော့သာ နေရာအနည်းငယ် ချန်ပေးလိုက်ပြီး သူတို့အတွက် အိပ်ယာကို တစ်ဝက်ဆီ ပိုင်းခြားလိုက်တော့တယ်။

အိပ်ယာက မသေးတဲ့အပြင် စောင်ကလည်း အတော်လေး ကြီးမားသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ကျောပေးအိပ်နေမိကြပြီး အလယ်မှာ လူတစ်ဝက် ကျော်လောက်တောင် နေရာကျန်နေတယ်။

သူတို့နှစ်ယောက်လုံးက စကားမပြောမိကြပဲ အသက်ရှုသံ တိုးတိုးလေးသာ ထွက်ပေါ်နေ၏။

အချိန်အတော်လေး ကြာပြီးနောက် စောင်က အနည်းငယ် လှုပ်ရှားသွားသည်။ ရန်ကျင်းက သူ့လက်ကို ဆန့်ထုတ်လာပြီး ရှန်ကျစ်ရှန်းရဲ့ လက်ပေါ်ကို အတိအကျ ရောက်လာသည်။

သူက ဂရုတစိုက်ဖြင့် အစမ်းသဘော ရှန်ကျစ်ရှန်းရဲ့ လက်ပေါ် သူ့လက်ကို ညင်သာစွာ ချထားလိုက်သည်။ တုန့်ပြန်မှု မရှိတာကို မြင်သောအခါမှာတော့ သူ့လက်ချောင်းများက အနည်းငယ် ကွေးညွှတ်သွားတော့လေသည်။

ရှန်ကျစ်ရှန်းက မျက်လုံးများမှိတ်ထားပြီး ရန်ကျင်းက လွန်လွန်ကဲကဲ မလုပ်ဘူးဟုသာ တွေးလိုက်တော့သည်။ သူက မသိချင်ယောင်ဆောင်ပြီး ရန်ကျင်းအား လက်ကိုင်ခွင့် ပြုထားလိုက်ကာ ရင်ထဲမှာသာ သက်ပြင်းချမိသည်။

ရလဒ်ကတော့ နောက်တစ်နေ့ သူနိုးလာတဲ့အချိန်မှာ သူတို့ရဲ့ ကိုယ်နေဟန်ထားတွေက သိပ်မကောင်းဘူးဆိုတာကို ရှာတွေ့သွားရသည်လေ။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now