12.1(final)

4K 524 9
                                    

(Hit&Run,So exciting)

"ဘေဘီကောရဲ့ စွန့်စားခန်း( ၁၂ )"

(Unicode)

ချန်လီကောအစကထင်ခဲ့သည်က ယွမ်အန်းကောနဲ့ လုမိန်ချင်း တစ်ပတ်လောက်တွေ့ပြီးရင်
လုမိန်ချင်းစာသင်နေတဲ့မြို့ကို ပြန်ကြတော့မည်ဟူ၍ပင်။

သို့ပေမဲ့ ဒီအချိန်အတောအတွင်းမှာ မထင်ထားခဲ့တာက သူနဲ့လုကျစ်ရန်ကြားက ဆက်ဆံရေးအစစ်ကို သူတို့နှစ်ယောက် ရှာတွေ့ခဲ့တာပင်။

ထိုနေ့က လုကျစ်ရန်နဲ့ချန်လီကောက ကားထဲမှာ
မိုးမမြင်လေမမြင်နမ်းနေကြသည်။သူတို့နှစ်ယောက် အဲဒီမြင်ကွင်းကိုမြင်တော့ မျက်နှာတွေနီရဲနေသော်လည်း လုကျစ်ရန်ကသူတို့ကို
အပြုံးမပျက် နှုတ်ဆက်ခဲ့သည်။ချန်လီကောကတော့ ရှိသမျှ သွေးတွေအကုန်ဆုံးရှုံးထားရသလို ဖြူဖတ်ဖြူရော်မျက်နှာဘေးနဲ့ ဖြစ်နေသည်။

လုမိန်ချင်းနဲ့ယွမ်အန်းကောကတော့ အံ့သြလွန်းလို့ သူတို့မျက်လုံးတွေ မြေကြီးပေါ် ကျွတ်ကျမတတ်ဖြစ်နေသည်။သူတို့ ဘာစကားမှ မထွက်နိုင်ခင် လုကျစ်ရန်က ပြောလာသည်။

"ကျားရှုး ကောင်းကောင်းပျော်ခဲ့နော်၊အပြန်ကိုယ်မင်းကိုလာကြိုမယ်"

ချန်လီကောက ခရီးသည်ခုံမှာထိုင်နေလျက်
အမူအရာမဲ့စွာ တစ်ကိုယ်လုံး တောင့်တင်းနေခဲ့သည်။

လုကျစ်ရန်က ချန်လီကောကို ထူးဆန်းသလို၊
ဘာမှမသိသလိုနှင့် မေးလာသည်။

"ကျားရှုး ဘာဖြစ်လို့လဲ"

ထို့နောက်မှာတော့ ချန်လီကော၏ ဝိဉာဉ်ပြန်ကပ်လာပြီး အေးစက်စက်ပြုံးလိုက်ပြီး ခေါင်းခါကာ
ကားတံခါးကို တွန်းဖွင့်ရင်း အပြင်ဘက်သို့
ထွက်လာသည်။

လုကျစ်ရန် ထွက်သွားတော့ ရှက်ရွံ့နေတဲ့
လူသုံးယောက် ကျန်ရစ်ခဲ့သည်။

"ကျားရှုး သူနင့်ကိုဖိအားပေးလို့မလား"

လုမိန်ချင်းက အရင်စပြောလိုက်သည်။သူတို့နမ်းနေသည့်အချိန်တုန်းက ချန်လီကောရဲ့မနှစ်မြို့တဲ့အမူအရာကို သူမမြင်လိုက်သည်ကိုး။လုကျားရှုးနဲ့သူ့အဖေက ဒီလိုဆက်ဆံရေးရှိမယ်မှန်း
သူမလုံးဝမထင်ထားမိဘူးလေ။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now