အပိုင်း (၇၆၈) - ရှီမာမျိုးနွယ်နှင့် သူမ၏ ပတ်သတ်မှု

2K 256 0
                                    

Zawgyi


"ရှီမာမျိုးရိုးနာမည်နဲ့တော့အများကြီးပဲလေ၊ ဒါပေမဲ့ မင်းနဲ့ ဆက်စပ်တဲ့ သူနည်းနည်းတော့ ရှိပါလိမ့်မယ်" ချီဝေသည် ပဟေဠိဆန်စွာပြောလေသည်။

"ကျွန်တော်နဲ့ဆက်စပ်တယ်ဟုတ်လား၊ သူတို့ကိုမှတစ်ခါမှမမြင်ဖူးတာ သူတို့က ဘယ်လိုလုပ် ကျွန်တော် နဲ့ဆက်စပ်ရမှာလဲ" ရှီမာယူယူသည် ချက်ချင်းပင်ငြင်းဆန်လေသည်။

"ငါတကယ်ပြောနေတာ" ချီဝေသည် လေးနက်စွာပြောလေသည် "မင်း မြေအောက်ထပ်မှာတုန်းကသုံးတဲ့ ဝိဥာဉ်အရည်အချင်းက မင်းရဲ့စာချုပ် မိစ္ဆာနဲ့ ပေါင်းစပ်လိုက်တာမလား"

ရှီမာယူယူသည် ချီဝေဘက်သို့ ခေါင်းစောင်းကာ မေးလိုက်သည် "အဲဒါကိုဘယ်လိုသိတာလဲ"

သူမအကြည့်ကို ချီဝေမြင်သောအခါ ချက်ချင်းပင် အော်လေသည် "ငါ့ကိုမကြည့်နဲ့ ငါတို့အရင်ကမြင်ဖူး လို့သိတာလေ၊ စပ်စုတာမဟုတ်ဘူး"

"အရင်ကမြင်ဖူးတယ်ဟုတ်လား" ရှီမာယူယူသည် မျက်လုံးများသည် နူးညံ့လာကာ မေးလေသည် "ဘယ်မှာမြင်ဖူးတာလဲ"

"ငါတို့ ဂိုဏ်းအပြင်မှာ" ချီဝေပြောလိုက်သည် "ပျောက်သွားတာ နှစ်တစ်ရာလောက်ရှိပြီဆိုပေမယ့်..."

"ရှီမာလျူယွမ်..." ရှီမာယူယူသည် စိတ်ထဲမှ သူ့နာမည်ကိုပြောမိသည် "ဒါဆို အခုရှီမာမျိုးနွယ်က ဘယ်လိုနေလဲ၊ သူတို့နဲ့ တစ်မျိုးနွယ်ထဲလို့ဘာလို့ ပြောတာလဲ၊ မသေချာတဲ့ဝိဥာဉ်အရည်အချင်းကိုကြည့်ပြီး ပြောလိုက်တာလား"

"အစတုန်းကတော့ ငါတို့်လည်း အဲလောက်အများကြီးမစဉ်းစားဘူး၊ ဒါပေမဲ့ မင်းက ဝိဥာဉ်အရည်အချင်း တူတာသုံးလိုက်တာကို မြင်တော့မှန်းမိ တာပဲ၊ မင်းတို့တကယ်ပဲ ဆက်စပ်မှုရှိမယ်လို့မထင်မိဘူး" ချီဝေသည် နောင်တရစွာပြောလေသည်။

"အဲလိုက နားလည်မှု အလွယ်တကူလွဲတတ်တာပဲ" ရှီမာယူယူ ပြုံးလိုက်သည်။

"တကယ်ပြောတာ" ရှန်မင်လန် ပြောလိုက်သည် "ငါတို့က မင်းကို သူတို့မျိုးနွယ်ဝင်လို့ မှတ်ထားတာ၊ မင်းကို ဒီနေ့မမေးရင်တောင်မှ သေချာ နေကြတာ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now