12.2(final)

3.6K 504 6
                                    

(Unicode)

Big Warning🚨🚨🚨- တစ်ရှူးဆောင်ထားကြပါ

ချန်လီကောခန့်မှန်းထားသလိုမျိုး သူဒီကမ္ဘာကထွက်ခါရဖို့ ခြေတစ်လှမ်းပဲလိုတော့တာ ဖြစ်ခဲ့ရင်.......

ချန်လီကောက ကားမောင်းနေတဲ့တစ်လျှောက်လုံး systemနဲ့စကားပြောနေခဲ့သည်။အဲဒီအကြောင်းကတော့ သူနောက်ဝင်ရမယ့်
ကမ္ဘာအခြေအနေက ဘယ်လိုရှိလဲ ဆိုတာပင်။

systemက သူ့ရဲ့ စက်ရုပ်အသံနှင့်ပြောသည်။

"ကောင်းပါတယ်"

သို့သော်လည်း သူ့စကားက ချန်လီကော၏
ဆံပင်များသာ ထောင်သွားစေသည်။

"ထုံကျစ်၊ ပွင့်လင်းကြရအောင်၊ငါတို့က တစ်လှေတည်းစီးနေရတာ ငါအခက်အခဲကြုံရင် မင်းလည်း အေးဆေးနေရမှာ မဟုတ်ဘူး"

system-ဟီးဟီးဟီး

ချန်လီကောက ကြောက်လန့်သွားပြီး ကန့်သတ်ထားတဲ့လမ်းပေါ်သို့တောင် မောင်းမလို
ဖြစ်သွားသည်။

ဒီနေ့က တကယ့်နေ့ပါ၊ယွမ်အန်းကော မတော်တဆဖြစ်ပြီး သူ့မှတ်ဉာဏ်တွေပျောက်ဆုံးသွားမယ့်နေ့ပါ။

သူမှတ်ဉာဏ်တွေပျောက်သွားပြီး တခြားမိန်းမနဲ့ချစ်ကြိုက်သွားမှာ၊လုမိန်ချင်းကိုမေ့သွားမှာကို
ချန်လီကောက ခွင့်ပြုလို့မဖြစ်ဘူး။

ယွမ်အန်းကောရဲ့မတော်တဆမှုက လူလုပ်တဲ့မတော်တဆမှုပဲ ဖြစ်သည်။သူ့ကိုမလိုလားကြတဲ့
လူတွေက ဒီကိစ္စကို စီစဥ်ထားခဲ့တာဖြစ်သည်။

ဒီနေ့ ချန်လီကောက ပြဿနာရဲ့အမြစ်ကို
အပြတ်ရှင်းရမည်ဖြစ်သည်။

မတော်တဆဖြစ်တဲ့နေရာက မြို့တော်နဲ့အတန်
လှမ်းသည်။တစ်ချက်ကြည့်လိုက်ရုံနဲ့ချောင်ကျတဲ့နေရာဆိုတာ သိနိုင်သည်။ချန်လီကောက မြင်ကွင်းကောင်းသည့်နေရာတွင် ကားရပ်လိုက်ပြီး စီးကရက်တစ်လိပ်ကိုသောက်နေလိုက်သည်။

ဒီခန္ဓာကိုယ်က ဆေးလိပ်ဒဏ်မခံနိုင်ပေမယ့်
သူ့ဝိဉာဥ်က တောင့်တနေသည့်အတွက်ကြောင့်
ချောင်းနှစ်ခါလောက်ဆိုးပြီးခါမှ ဆက်သောက်လာနိုင်သည်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now