12.3(final)

5.4K 576 31
                                    

(Unicode)

Big Warning🚨🚨🚨-တစ်ရှူးဆောင်ထားကြပါ

လုကျစ်ရန်က ချန်လီကောရဲ့လုပ်ဆောင်ချက်တွေလျော့နည်းလာတာက သူမောလာလို့ဖြစ်မည်ဟုစဥ်းစားခဲ့သည်။သို့သော်လည်း သူထပ်ခါထပ်ခါ ချန်လီကောနာမည်ကိုခေါ်နေပေမယ့် ဘာတစ်ခွန်းမှ ပြန်မထူးလာတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။

လုကျစ်ရန်က ဒီမြင်ကွင်းကို သူ့ဘဝတစ်ခုလုံး
မှတ်မိနေတော့မည်ဖြစ်သည်။

သူ့ရင်ခွင်ထဲမှာ လဲလျောင်းနေတဲ့သူ့ကလေးလေးဆီက အသံရှူသံတောင်ထွက်မလာတော့ပေ။

လုကျစ်ရန်က ငိုကြွေးလိုက်ရင်းပြောလာသည်။

"ကျားရှုး????"

သူ့ရှေ့က သူ့ကလေးလေးက သူ့ကိုမဖြေလာတော့။သူ့ကလေးရဲ့မျက်နှာက အေးချမ်းနေပြီး
အနှောင်အဖွဲ့ကင်းကင်း အိပ်မောကျနေသည်။

လုကျစ်ရန်က အသက်မဲ့စွာ ပြုံးလာပြီး
ပြောလာသည်။

"ကျားရှုး ဒယ်ဒီ့ကို မခြောက်ပါနဲ့ "

လုကျားရှုးက လုကျစ်ရန်ကို အဖြေပြန်မပေးနိုင်တော့။လုကျစ်ရန်ပွေ့ဖက်ထားမှုမရှိလျှင် သူ့ခန္ဓာကိုယ်က ကကြိုးရုပ်ကလေးလို ခြေလက်အကုန်က အရုပ်ကြိုးပျက် လဲကျကုန်သည်။

လုကျစ်ရန်ရဲ့ မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတွေပြည့်နှက်လာပြီး ချက်ချင်း ဆရာဝန်ကိုခေါ်ခဲ့သည်။

သို့သော်လည်း ဆရာဝန်ရောက်လာချိန်မှာ
ချန်လီကောရဲ့ခန္ဓာကိုယ်က အေးစက်နေပြီဖြစ်သည်။

ဆရာဝန်က လုကျစ်ရန်ကို ထူးဆန်းသလိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မရေမရာမှုတွေဖြစ်လာသည်။သူက ဒီအဖေနဲ့သား မသင့်တော်တဲ့ ဆက်ဆံရေးကိုသိပေမယ့် ဒီလိုမျိုးအဆုံးသတ်လိမ့်မယ်လို့တော့မထင်ခဲ့ဘူး။

ဆယ်ကျော်သက်အရွယ် ကောင်လေးရဲ့
ခန္ဓာကိုယ်က ဒဏ်ရာတွေကိုကြည့်လိုက်တာနဲ့
လုကျစ်ရန် တစ်ယောက် ဒီလောက်လက်စပြင်းမှန်းသိရတော့သည်။

You've reached the end of published parts.

⏰ Last updated: Feb 05, 2022 ⏰

Add this story to your Library to get notified about new parts!

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now