Chapter 46

3.4K 873 38
                                    


Chapter 46: မင်းကိုလွမ်းလို့

သူဗဟုသုတအလွန်နည်းပါးသည်လို့ပဲ လီချီယွီခံစားမိသည်။

ကျောင်းထောင်ကျီးနှာခေါင်းပွတ်၍ တီးတိုးဆို၏ .."ကြည့်ရတာတော့ ‌တန်ဖိုးကြီးမယ့်ပုံပဲ ဒါပေမဲ့နည်းနည်းကြည့်ရဆိုးတယ် ... ချန်လုံ ကြိုက်တဲ့ပုံစံနဲ့ နည်းနည်းတူတယ်..."
(T/N: ချန်မင်းဆက်၏ဧကရာဇ်)

ပုံကို Weibo၌ရှာဖွေပြီး အခြားသူတွေကိုပြလိုက်သည်။

စုမင်လည်း ကြည့်လိုက်တော့ ကျောင်းထောင်ကျီးမှန်တယ်လို့ထင်၏။

ပန်းအိုးက အစစ်ဖြစ်နိုင်တယ်လို့ သူတွေးမိသည်။ ဘာပဲဖြစ်ပါစေ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာက အစစ်ဖြစ်စေချင်တယ်ဆိုရင် ထိတ်လန့်ဖွယ်ရုပ်ရှင်ထဲမှာ တကယ့်စစ်စစ်ဖြစ်လာလိမ့်မယ်။

စုမင်ထိစမ်းပြီး .."အရမ်းအေးတယ်"

ပန်းအိုး၏အဝအောက်ခြေ၌ စုမင်လက်ရပ်တန့်သွားကာ မေးလိုက်တယ် .."ဒီပန်းအိုးထဲမှာ တစ်ခုခုများရှိနိုင်မယ်လို့ မင်းတို့ထင်ကြလား?"

နောက်စက္ကန့်ပိုင်းတွင် ... လီချီယွီအဝေးသို့ခုန်သွားသည်။

သူက .."ဒီလောက်ကြောက်စရာကောင်းတဲ့ဟာတွေ မင်းမပြောလို့မရဘူးလားဟ?!"

စုမင် ဒီတုံ့ပြန်မှုဟာ သူနဲ့ လင်းယိကျီကြားကအပြန်အလှန်တုန့်ပြန်မှုနဲ့ဆင်တူတယ်လို့ ခံစားမိတယ်။ ဒီတစ်ခါတော့ သူပြောရမယ့်အလှည့်ပေါ့...…

"ကောင်းပါပြီ ... ငါထပ်မပြောတော့ဘူး"

လီချီယွီရုတ်တရက်ခုန်ကြည့်ပေမဲ့ ပန်းအိုးအပေါက်ဝကနေ အထဲကို အမှောင်ထုကြီးသာ မြင်ရသည်။ သူဒီ့ထက်ခပ်နက်နက်မကြည့်နိုင်ပေ။

သဘာဝကျကျပင် လဲ့လင်းကိုလည်း ကြည့်ဖို့ပြောလိမ့်မည် မဟုတ်...။

စုမင် သူ့ကိုသတိပေး၏ .."ခလုတ်မတိုက်မိစေနဲ့"

လီချီယွီက သတိပေးသည်ကို လေးလေးနက်နက်မထားပေ။ သူတခဏတုန့်ဆိုင်းပြီးနောက် လက်ဖြင့် အထဲကိုခပ်ဖြည်းဖြည်းလှမ်းစမ်းကြည့်လိုက်သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now