"အူးငယ်..."
"အင်း... သားသား ပြော"
"အူးငယ် သင်ပေးထားတဲ့ ဘုရားစာ ရပီ"
"ဟုတ်လား။ သင်ပေးထားတာ ဘယ်လောက်ကြာပြီလဲ"
" တုံးရက် "
"ဟုတ်ပြီး။ အူးငယ်ကို ဆိုပြ"
"ဗုဒ္ဓဂုဏော၊ အနန္တော
ဓမ္မဂုဏော၊ အနန္တော
သံဃဂုဏော၊ အနန္တော
မာတာပိတုဂုဏော၊ အနန္တော
အာစရိယဂုဏော၊ အနန္တော
အနန္တော အနန္တငါးပါးတို့ကို
အဟံ ကျွန်ုပ်သည်
ဝန္ဒာမိ ရှစ်ခိုးကန်တော့ပါ၏ အရှင်ဘုရား
အနန္တော အနန္တ ငါးပါးတို့အပေါ်
ကာယကံအားဖြင့်လည်းကောင်း
ဝစီကံအားဖြင့်လည်းကောင်း
မနောကံအားဖြင့်လည်းကောင်း
ပြစ်မှားကျူးလွန်မိသည် ရှိခဲ့ပါက
ထိုအပြစ်တို့ကို
ခွင့်လွှတ်တော်မူပါ
သည်းခံတော်မူပါ
ကျေနပ်တော်မူပါ အရှင်ဘုရား
ဤသို့ အနန္တော အနန္တ ငါးပါးတို့အပေါ်
ရှစ်ခိုးရခြင်း၊ အပြစ်ဝန်ချ တောင်းပန်ရခြင်းတို့ကြောင့်
ဘုရားတပည့်တော်သည်
သွားလေရာ၊ လာလေရာ
မျက်နှာပွင့်လန်းရပါလို၏ အရှင်ဘုရား""အူးအူးတို့ သူထူးအောင်လေးက တော်လိုက်တာ။ သုံးရက်တည်းနဲ့ ဘုရားစာကို ရတဲ့အပြင် အသံထွက်ကိုလည်း ပီပီသသနဲ့ ရွတ်နိုင်တယ်"
သူထူးအောင်ရဲ့ ဘုရားစာရွတ်သံ အပြီးမှာ ထွက်ပေါ်လာတဲ့ မောင်ထူးရဲ့ ချီးကျူးစကားသံဖြစ်တယ်။
"အူးငယ်က ဘုရားစာကို ပီပီသသ ရွတ်ရမယ်ဆိုရို့။ အူးငယ် သားသားဆိုတာ မှန်ရား"
ချီးကျူးခံချင်တဲ့ မျက်နှာပေးနဲ့ သူထူးအောင်က ကျွန်တော့်ကို ကြည့်ပြီး ပြောလာခြင်းဖြစ်တယ်။
"အင်း မှန်တယ်။ တော်တယ် သူထူးအောင် ငါ့အတိုင်းပဲ"
"ယေးးးး ဒါဆို သားသားက အူးငယ်တို့နဲ့ တူတူအိပ်ရတော့မှာပေါ့"
"အင်း။ ဒီနေ့က စပြီး အူးငယ်တို့နဲ့ အတူတူလာအိပ်"
"ယေးးးး မှူးမှူးကို သွားကြွားမယ်"
ဒီလိုနဲ့ သူထူးအောင်တစ်ယောက် ပျော်ရွှင်မြူးထူးစွာနဲ့ အခန်းအပြင်ကို ထွက်သွားတော့တယ်။ သူ့ကိုကြည့်ပြီး ကျွန်တော့်မှာ မပြုံးဘဲ မနေနိုင်ခဲ့။