Part 42

1.8K 255 73
                                    

[ Unicode ]

ဘခ်ဟျွန်း ကုတင်ပေါ်တွင် လှဲလျက်သားဖြင့်၊ မထနိုင်သေး။

သူ့အင်္ကျီကြယ်သီးတစ်ချို့ဟာလည်း ရင်ဘတ်တစ်နေရာထိ ပြုတ်နေခဲ့ပြီးဖြစ်သလို နှုတ်ခမ်းသားတွေဟာလည်း အထိအတွေ့တို့ကြောင့် လောင်မြိုက်နေဆဲဖြစ်သည်။

သူ့ဘာသာသူပင် မနည်းအားတင်းရှေ့ဆက်နေရသော ကြောက်လန့်စိတ်ကို ချန်းယောလ်က ရိပ်မိသွား၍ထပေးသွားသည်လား။

အောက်နှုတ်ခမ်းကို တစ်ချက်သပ်ကြည့်တော့ နာကျင်သွားတာကြောင့် နှုတ်ခမ်းပေါက်သွားမှန်း သိလိုက်ရသည်။ မူးနေ၍ပဲလားမသိပါချေ သူတို့နှစ်ယောက်ကြား သာမန်ပွေ့ဖက်နမ်းရှုံ့တာလောက်က နေ့စဥ်ရက်ဆက်ရှိသော်ငြား ထိုသို့အတွင်းကျကျ ထိတွေ့မှုတွေကတော့ ယခုမှပထမဆုံးအကြိမ်ဖြစ်သည်။

ဘခ်ဟျွန်းမကြောက်ဘူးဆိုလျှင် လိမ်ရာကျမည်ပင်။ သူကြောက်သည်၊ သို့တိုင် တစ်ဆက်တည်းဆိုသလို ချန်းယောလ်၏ အထိအတွေ့အောက် ရင်ခုန်ရသည်။ ရှေ့ဆက်ဖို့ စိတ်ထဲစိုးရိမ်မှုနှင့် ရင်ခုန်မှုက တစ်ဝက်စီကြီးစိုးနေသည့်အချိန်မှာ ချန်းယောလ်က ရပ်တန့်ဖို့ကို ရွေးချယ်သွားသည်လား။

သူ့ခေါင်းထဲရစ်ဆိုင်းနေသော မြိူခိုးများ မပြယ်သေးခင်မှာပင် တစ်ဖြစ်ပျက်သွားမှုကြောင့် နားမလည်နိုင်မှုများနှင့်ဖြစ်သည့်တိုင် ဘခ်ဟျွန်းသက်ပြင်းခပ်ဖွဖွကိုတော့ ချမိသည်ကအမှန်။ စိတ်သက်သာရာ ရမှုကြောင့်လည်းပါသလို နှမြောမှုကြောင့်လည်းပါသည်။ သူကတော့ ရှေ့ဆက်နိုင်ဖို့ အားတင်းကြိုးစားနေချိန်မှာပင် ထိုလူကထထွက်သွားတော့ ရင်ထဲမခံချိမခံသာဖြင့်။

နှုတ်ခမ်းဖျားထက် ခပ်ခါးခါးအရသာတစ်ချို့က စွဲကျန်ရစ်နေသေး၍ပဲလား၊ မကြာသေးခင်က အနမ်းကြမ်းကြမ်းတို့ကြောင့်ပဲလားမသိ ဘခ်ဟျွန်းရင်ထဲတုန်ရီမောဟိုက်နေရသည်။ အသိစိတ်ကလည်း ခပ်ဝါးဝါး။

လှဲနေရာက ထထိုင်လိုက်တော့ တစ်ဝက်ကျွတ်နေပြီးသား ညဝတ်အင်္ကျီဟာ ပုခုံးဘေးဘက်ကိုလျှောကျသည်။ ပြန်လည်ဆွဲတင်ရင်း အခန်းပတ်ပတ်လည် ဝေ့ကြည့်တော့ ထိုလူ၏အရိပ်အယောင်ကို မတွေ့ရ။ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားခဲ့တာ သူမဟုတ်သကဲ့သို့ ချက်ချင်းကိုရှောင်ထွက်သွားသည်က သူ့ကိုယ်သူထိန်းသိမ်းဖို့အတွက်မှန်း ဘခ်ဟျွန်းသိသည့်တိုင် ... ပစ်ပယ်ခံလိုက်ရသလို ခံစားချက်ကြောင့် စိတ်ထဲအလိုမကျပါချေ။

The LOEYWhere stories live. Discover now