[ 28 ]

31K 2.7K 35
                                    

[ သူကြီးသမက် ]

" ဦးလေးကျွန်တော်ပြန်ပြီ "

" အေး အေး ငါ့တူကူလုပ်ပေးတာ ကျေးဇူးပါကွာ "

အောင်သက်တစ်ယောက်အဖေကိုနှုတ်ဆက်ပြီး ခြံစည်းရိုးတစ်ဘက်ကသူ့အိမ်ကိုပြန်သွားတော့ အဖေကတံမြတ်စီးတစ်ချောင်း‌နဲ့နွားတင်းကုပ်အောက်ကအမှိုက်များကိုလှဲနေရင်းပစ္စည်းအတိုထွာတွေကောက်သိမ်းနေတဲ့ ရိုးကိုကြည့်လာကာ။

" မင်း အရိပ်ကိုဆေးခန်းလိုက်ပို့မလို့ဆို ရေသွားချိုးတော့လေ "

" ဟုတ် အဲဒါဆိုကျွန်တော်ရေချိုးလိုက်တော့မယ် အဖေဘာသာဆက်သိမ်းလိုက်တော့ "

ရိုး ရေချိုးရန်ရေတွင်းနားလျှောက်လာလိုက်ရင်းအိမ်ထဲကအရိပ်ကိုလှမ်းအော်လိုက်သည်။

" အရိပ်ရေ ..."

" ဗျာ "

အိပ်ခန်းထဲမှာရေချိုးပြီးအဝတ်လဲနေတုန်းအိမ်ပြင်ကရိုးအော်ခေါ်သံကြောင့် အရိပ်ပြန်ထူးလိုက်သည်။

" ကိုယ့်ကိုရေလဲပုဆိုးတစ်ကွင်းယူပေးခဲ့ဦး "

" ဟုတ်,ယူလာမယ် "

အိမ်ထဲကအရိပ်အဖြေကြောင့် ရိုးဘာမှဆက်မပြောတော့ပဲရေတွင်းထဲကရေကိုမော်တာဖွင့်၍ ရေတင်ရန်လုပ်ပေမဲ့ ကံဆိုးစွာမီးပျက်နေသည်။

" ငါ့ယိုး မီးကအခုမှလာပျက်နေတာလား,ဟ "

ရိုးတစ်ယောက်စိတ်တိုတိုနဲ့ဆဲပစ်လိုက်မိသည်။ လူကအလုပ်လုပ်ထားရလို့ပင်းပန်းနေပါပြီဆိုမှ ရေချိုးဖို့ကဆွဲရဦးမည်တစ်ယောက်တည်းရေတွင်းထဲတာယာပုံးနဲ့ခပ်မြန်မြန်ဆွဲ၍ဘေးကအုတ်ကန်လေးထဲဖြည့်လိုက်ပြီးလောင်းချိုးကာဆပ်ပြာတိုက်နေချိန် အရိပ်ကရိုးအတွက်ရေလဲပုဆိုးကိုင်အိမ်ထဲကထွက်လာပြီးနောက်  ရိုးအနားရောက်လာသည်။

" ရိုး ဒီမှာရေလဲပုဆိုး "

" အင်း,တန်းပေါ်တင်ထားခဲ့လိုက် "

အရိပ်လည်းရိုးအပြောအတိုင်းရေတွင်းနားကတန်းထားတဲ့အဝတ်ကြိုးတန်းပေါ်ရိုးရဲ့ရေလဲပုဆိုးကိုတင်ထားပေးလိုက်၍။

" ရိုး ထမင်းစားတော့မလား အပြန်မှစားမလား "

" အပြန်မှစားမယ်လေ အခုမှဆယ်နာရီခွဲရှိသေးတယ် "

( သူကြီးသမက် )  CompletedWhere stories live. Discover now