Ep.17

11.4K 958 10
                                    


"မောင်"

လေဆိပ်ထဲကထွက်လာတဲ့မောင်က သူချစ်ရတဲ့
လက်ရဲဇက်ရဲမှဟုတ်ပါရဲ့လား ။ အနက်ရောင်ရှိတဲ့
ဆံပင်တွေ​နေရာမှာ အစားထိုးလာတဲ့​ငွေဖြူ​ရောင်ဆံပင်​တွေနှင့်အတူ ဂျပန်မသွားခင်တည်းကမညှပ်သွားတဲ့ဆံနွယ်တွေကတစ်ဝက်တောင် စည်းထားသည်အထိရှည်လျား​နေပြီဖြစ်သည် ။အဖြူရောင်suitနှင့်အတူလိုက်ဖက်နေတဲ့ အနက်ရောင်shoeကတည်ကြည်​နေတဲ့သူ့ရုပ်ရည်ကို ပိုမိုကြည့်ကောင်းအောင်စွမ်းဆောင်နေသည် ။

အခုမှသူ့အနောက်ကိုသတိထားကြည့်မိတော့ maskအမဲတွေနှင့် language​တွေဆွဲလာတဲ့လူနှစ်​ယောက် ၊သူဂျပန်ကနေလူခေါ်လာတာလား။
ဒါပေမယ့်ဟိုနှစ်ယောက်ကသူ့အလုပ်သမားပုံမ​ပေါ်၊
သူငယ်ချင်းလို့ပြောရမယ်ဆိုလည်း လက်ရဲဇက်ရဲက
အပေါင်းအသင်းအဲ့လောက်မက်သူမှမဟုတ်တာ။

"ဘာကြည့်နေတာလဲ ကားပေါ်တတ်လေ"

သူ့ကိုငေးနေတဲ့ကိုယ်ကဘဲမှားတဲ့ပုံနဲ့ ကားတံခါးကိုလာဖွင့်ပေးတော့ခပ်တည်တည်သာ တတ်လိုက်သည်။ သူတို့နှစ်ယောက်ကတစ်စီးဖြစ်ပြီး အနောက်ကလိုက်လာတဲ့နှစ်ယောက်ကိုတော့ သူလည်းမတွေ့။

"ဂျပန်ကကိုယ့်လူနှစ်​ယောက်​ခေါ်လာတာ"

"ဪ"

နေပါဦး ၊ဒါလက်ရဲဇက်ရဲမဟုတ်ဘူးမလား။
စကားပြောတာကအစရင့်ကျက်မှုနဲ့ လွမ်းမိုးနိုင်မှုကအပြည့်ဖြစ်နေသည် ။ထို့ပြင်ကားမောင်းနေရင်းသူ့ကို
ကြည့်ပြီးစကားပြောနေတဲ့ပုံက လူကြီးလူကောင်းတစ်ယောက်အပြုအမူအတိုင်း ။

"မင်း...အလုပ်အဆင်ပြေလား"

"အင်း ကိုယ်ဟိုမှာလုပ်စရာနည်းနည်းရှိနေလို့ပြန်လာဖို့ကြာသွားတာ အဖေရောတရားစခန်းကထွက်လာပြီလား"

"အင်း အဖေကမင်းပြန်လာရင်သူ့ဆီလာဖို့ပြောတယ်
မင်းအားမှသွားတွေ့ကြတာပေါ့"

ပြန်လည်တိတ်ဆိတ်သွားသောကားအတွင်း သူတစ်ယောက်တည်းအတွေးနယ်လွန်နေမိသည် ။လက်ရဲဇက်ရဲပြောင်းလဲသွားသည် ၊ပုံစံနှင့်အတူအပြုအမူအပြောအဆိုတွေပါပြောင်းလဲသွားတာ ။ဒါကကောင်းပေမယ့် ဆိုးကျိုးရှိသည် ၊သူဒီလိုပြောင်းလဲသွားတာကြောင့်မိန်းမကိစ္စမရှိတော့ပေမယ့် သူ့ကိုလာလုမယ့်မိန်းမကိစ္စတွေတော့ရှိလာမှာ ။ပြည့်စုံလွန်းတဲ့
ယောကျာ်းကိုအိမ်ထဲထည့်ပြီး ဝှက်ထားရမယ်လို့တောင်တစ်ခါတစ်လေတွေးမိသည် ။

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now