ဂျိုဆွန်းပြည်ကြီးရဲ့တောင်ကြားလေးတွေထဲက နေမင်းကြီးဟာထွန်းထွန်းတောက်တောက် ထွက်လာခဲ့ပြီဖြစ်တာမလို့ သလွန်ထက်က သခင်မလေးသည် နိုးထလာခဲ့သည်....
ရေသန့်စင်ကာ ဝတ်ရုံတွေလဲလှယ်ရင်း ကျောဘက်က ထောင့်ဖြတ်ဒဏ်ရာအမာရွတ်ကြီးကိုတွေ့တော့ သက်ပြင်းတွေကိုသာချရပြန်တယ်
"သခင်မလေး ဘယ်ဆီကိုကြွမြန်းမလို့လည်း"
Li: နင်သိစရာမလိုအပ်ဘူး..
"သခင်မလေးကို ဘုရင်မက နန်းပြက်မထွက်ဖို့ အမိန့်ပေးထားပါတယ်"
Li:အကယ်၍ ငါထွက်ရင်ကော
"အင်အားသုံးရပါလိမ့်မယ်"
Li: လုပ်လိုက်လေ.... မနေ့ကစစ်သူကြီးဟောင်း ငါ့ကိုပါးရိုက်လို့ လက်ဖြတ်ပြီးထောင်နန်းစံနေရတာကိုတွေ့လား သူ့နောက်လိုက်ချင်ရင် လုပ်ပေါ့....
သခင်မလေးပြောတဲ့စကားတွေကြောင့် သေမှာထက် ထိုသို့ တစိမ့်စိမ့်နာကျင်ခံစားရမည်ကို ကိုယ်ရံတော်တသိုက်ဟာကြောက်လန့်နေကြသည်....တဖြည်းဖြည်းနဲ့နောက်ဆုတ်သွားတဲ့ခြေလှမ်းတွေ.....
သခင်မလေးဟာ မတုံ့မဆိုင်းဘဲ ထိုနန်းဆောင်ကနေထွက်လာခဲ့သည်....
Li: ဘန်းဘန်း...
"Ban ဖေဖေသခင်ကြီးဆီလာတာလား သူတော့ပျော်နေတော့မှာဘဲ"
Li: နင် ဆိုမီနဲ့အဆင်ပြေနေရဲ့လား...
"ဒီလိုပါဘဲ အရင်လို အာဏာတွေချမ်းသာမူတွေမရှိပင်မယ့်လည်း ကောင်းကောင်းရှင်သန်နေရတာဘဲ"
Li:ငါက.... ဘာလို့ နင်တို့နဲ့နန်းပြင်မှာနေခွင့်မရှိတာလည်း...
"နင်ထပ်ပျောက်သွားမှာကို ဘုရင်မကကြောက်နေခဲ့တာထင်တယ် "
Li: ဘယ်လိုသိတာလည်း.
"ဟိုး...နားလေးက ခြုံပုပ်ကနေ ချောင်းနေတဲ့ ဝတ်ရုံအမဲနဲ့လူတွေကြောင့် အဲ့ဒါကြောင့်ပြောတာ နင်ဒီကိုခဏခဏမလာပါနဲ့ နင်နဲ့မအပ်စပ်ဘူးလေ အခုငါတို့က နယ်နင်ဒဏ်ပေးခံရတဲ့ နိုင်ငံပုန်ကန်သးတွေဖြစ်နေပြီလေ နင့်ကိုလည်းပျောက်နေတယ်လို့ဘဲကြေညာထားတာ လူတွေကြားအရမ်းမထွက်သေးနဲ့ "
YOU ARE READING
Last Tear (Season 1)