part28(zawgyi)

842 9 0
                                    

love+love
Author blackclock

        " ဘယ်မှာလဲ သွေးရ ကယောင်ချောက်ချား
   ဖြစ်တာလား ဟင်"

   ဦးညှို့နက် သိလျက်သားနဲ့ မေးမိလေသည်။
အသွေးကို ရင်ခွင်ထဲက ခွာလို့ ကြည့်မိတော့
လန့်ထိတ်နေဟန်။ သားလေးကတော့ မြင်မယ်
မထင်။ သူ ဘာလုပ်ရမယ်မသိ။ ဖျတ်ခနဲ ယားယံ
လာတဲ့ ကိုယ်ခန္ခာတစ်နေရာက တစ်စုံတစ်ခု
ကြောင့် ဦးညှို့နက် နားထင်ကြောထောင်လို့
စိုးထိတ်လန့်လာမိလေတော့သည်။

   " ဘာမှ မဖြစ်ပါဘူးကွ လာ ထိုင်ပါဦး
ဘာဖြစ်ဖြစ် ဦး သွေးအချစ်ကို ဘယ်လို
ပဲ ရရ အရယူဖို့ ဘာမဆို လုပ်ပါ့မယ်
ကျေးဇူးပြု၍ သားကို သွေး မမုန်းပါနဲ့နော်
သားမှာ ဘာအပြစ်မှ မရှိတာ"

      ဦးညှို့နက် ကြောင်ငေးနေဆဲ
သွေးကို စကားလမ်းကြောင်းလွှဲဖို့
ပြောမိသော်လည်းအသွေး တောင့်
တောင့်ကြီး ထိုင်နေလေသည်။

  သေချာတာကတော့ ကိုယ်ပေါ်မှာ
အနက်ရောင်နာရီတက်တူး ပေါ်
လာလို့ မြွေဖြူနတ်မယ်လည်း ရောက်
လာလေပြီ ထင်ရဲ့။

    မဖြစ်သေး။ တော်ကြာနေ ဝတ္ထုလောကထဲက
ညှို့နက်ဆိုတဲ့ ဇာတ်ကောင် ထွက်လာလို့
ကိုယ်ထဲ ဝင်ပူးလေမှ ခက်ပေလိမ့်မည်။

"သွေး  ဦး ပြောတာကို ကြားရဲ့လားကွ ဟင်"

"ဦး"
"အင်း ပြောလေ သွေး"
"သွေး အစောက မြွေဖြူကြီးတစ်ကောင်
ကို အသေအချာ မြင်လိုက်တယ်၊ ဦး ပခုံးလေး
အပေါ် ကျော်ကြည့်မိတုန်းက"

"ထင်ယောင်ထင်မှား ဖြစ်တာနေမှာပါ
သွေးရယ်၊ အိမ်ပြန်နားလိုက်တော့နော်
ဘယ်အချိန်ပဲဖြစ်ဖြစ် သွေးကို လက်ဆောင်
ပေးတာ မကြိုက်ဘူးဆိုရင် ဦး နောက်ဆို ဆင်
ခြင်ပါ့မယ်"

"ဟင် အင်း အဟင်း ဦး သိရင်ပြီးရော
ဒါဆို သွေးတို့ ပြန်မယ် သား လာသွားမယ်"

"ဟင့်ဟင်း"
"ဟင် သား ပြန်လိုက်သွားလေကွ"

"သားကို အိမ်ကြမေမေက ရိုက်မှာပေါ့
သားကြောက်တယ် ဖေဖေနဲ့ပဲ နေခဲ့မယ်"

"မုန်းသွေး မင်းကို အမေ နှစ်ခါမခေါ်ရစေနဲ့နော်"

"ဟာ သွေးကလည်းကွာ ကလေးကို ချော့ပြောပါ
သား ပြန်တော့လေကွာနော် နောက်ကြမှ ပြန်လာ
လည်ပေါ့ နော်"

"ဟင့်အင်း မေမေ့ကို ကြောက်တယ်"
"မရိုက်ဖို့ ဖေဖေ ပြောထားပါပြီ သားရယ်
မကြောက်နဲ့နော် ဒီလိုလုပ် ဖေဖေ သားတို့အိမ်
ပြန်လိုက်ပို့မယ်လေ"

"ဖေဖေ"
"ပြောလေ သား"

"သား ဖေဖေ့ကို တစ်ခုတောင်းဆိုချင်လို့"

"မုန်းသွေး သွားစို့ ပြန်စို့လို့ဆိုနေ
ဘာတွေ တောင်းနေသေးတာလဲ
အမေ မ ကြိုက်ပါဘူးဆိုတာကိုနော်"

"သွေးကလည်းကွာ ကလေး ပြောပါစေ
ကိုင်း လုပ် ပြော သား"

"သားလေ ဟို ဟို "
"ပြောပါကွ ဖေဖေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်"

"သားလေ ဖေဖေနဲ့ မေမေကြားမှာ
တစ်ညလောက် အိပ်ဖူးချင်တယ် ဖေဖေ"
"ဟင်"

"မရဘူး မုန်းသွေး ပြန်မယ် ဆိုနေ"

"ဟာ ဘာဖြစ်နေတာလဲ သွေးရာ"

"သွေးဆီ သားကို ပြန်ပေး ပေး"
  ဇွတ်တရွတ် ဆွဲလုနေသော သွေး။ လူကို
ကြည့်ပြီး လန့်နေသလိုလို။

"ဘာဖြစ်နေတာလဲကွာ ဖြည်းဖြည်းပေါ့
သား နောက်ကြမှ ဖေဖေတို့ မိသားစုတတွေ
အတူနေကြမယ်လေနော်"

     ဦးညှို့နက် သားကို အတင်းကာရော
ချောမော့ ပြောလိုက်မိသည်။ သိတတ်
သော သားလေးက နှစ်ခါ မပြောရ။ချက်ချင်း
ဆိုသလို လူကို သရဲသဘတ်လို ကြည့်နေ
သော မိခင်ဖြစ်သူထံ ပြန်လိုက်သွားလေသည်။

   အသွေး ဘာဖြစ်တယ် မသိ။

သူသိတာကတော့ ဘုရား မ လို့
မိစ္ဆာကောင်အသွင် မပြောင်းပါစေနဲ့ဦးလို့
ဆုတောင်းလို့သာ မှန်ထဲ ကြည့်မိလိုက်
လေသည်။

  အသွေး မပြောနဲ့ သူပါ လန့်ထိတ်သွား
ရလေသည်။ နီရဲခြစ်နေလေသော မျက်အိမ်
သွေးကြောတွေ။ချွန်ထက်ထက်လေး ဖြစ်
နေလေသော သားစွယ်၊ ချက်ချင်း ဖြစ်ပေါ်
လာသော မြွေအမြီး။ ရင်ဘတ်တည့်တည့်
မှာက အနက်ရောင်နာရီတက်တူးနှင့်။

   အဘယ်သူ ဖြစ်နေမည်နည်း။
သေချာတာက သူ့ကိုယ်ဟာ
အခုတော့……
ဝတ္ထုထဲက မိစ္ဆာလူကြမ်းကြီး ဝိဥာဉ်
ပိုင်စိုးသော ကိုယ်ခန္ဓာကြီး ဖြစ်လာပြီ
ဆိုတာကိုပင်။
             ဝတ္ထုကမ္ဘာထဲက ထွက်လို့
စာရေးဆရာ ကိုယ်ထဲ ပိုင်စိုးပိုင်းနင်း
ဝင်ရောက်နေထိုင်နေလေသော သူ။
ထိုသူကား……။
အပိုင်း ၂၉မျှော်
blackclock / 8:50pm-Nov 21 2021

(အိပ်ငိုက်ကျလုလုအထိ
ပင်ပန်းတဲ့ကြားက ရသလောက်
အချိန်လေးနဲ့ တိုတိုကလေး ရေး
တင်လိုက်ပါသည်။ နားလည်ပေးပါနော်။
ကျေးဇူးပါ စာဖတ်သူတို့ရေ။)

Love + Love [Normal Fiction]Where stories live. Discover now