part29(zawgyi)

832 10 0
                                    

love+love
Author blackclock

            အသွေး ပြန်သွားခြင်းကို လူတစ်ယောက်
ကြေကွဲစွာနဲ့ပင် အဝေးတစ်နေရာက လှမ်းမျှော်
ကြည့်နေရလေသည်။

       ဟုတ်သည်။ ဝတ္ထုကမ္ဘာက လူ
ပေါ်ထွက်လာလေပြီ။ အနက်ရောင်
နာရီ တက်တူး ကိုယ်ပေါ် ပေါ်လာသည်နဲ့
ချည်းနင်း ထွက်ပေါ်လာလေသူ။

      မြွေတစ်ပိုင်း လူတစ်ပိုင်း မိစ္ဆာသတ္တဝါ
အကောင်။ ရိုင်းစိုင်းသလို ရက်စက်တဲ့
စိတ် ရှိနေလေသူ။ ဝတ္ထုကမ္ဘာထဲက လူကြမ်း
ကြီး ဦးညှို့နက်။

          စာရေးဆရာ ဦးညှို့နက် ကိုယ်ခန္ဓာထဲ
ဝင်ရောက် လာလေသောသူ။

           ထိုသူ။ မိစ္ဆာတစ်ပိုင်း လူ။
ဝတ္ထုထဲကနေ အသက်ဝင်နေ
လေသော ဇာတ်ကောင်။

    ညဥ့်သည်ကား အမှောင်နဲ့ တန်ဆာ
ဆင်နေလေပြီ။ တဆက်တည်း
အချစ်ကို မိုက်ရူးရဲဆန်မှုနဲ့ တန်ဆာ
ဆင်ဖို့ မြွေမိစ္ဆာ ဦးညှို့နက် ချစ်သော
မိန်းကလေး ရှိရာ လှမ်းထွက်သွားလေ
ပြီ။

   "ကျွီ……"
   ပြတင်းတံခါးဖွင့်သံ။

        တဖြည်းဖြည်း ပွင့်သွားသော တံခါးမှ
ဝင်သွားလေသော ဦးညှို့နက်။ နောက်ဆုံး
အမြီးအဆုံးအထိ အိပ်ခန်းထဲ ရောက်ရှိသွား
လေသော အခါ အမြီးအသွင်ကနေ ပြောင်း
လဲသွားလေသော ခြေနှစ်ချောင်း။ နီရဲခြစ်နေ
ရာက ပုံမှန်အရောင် ဖြစ်သွားလေသော
မျက်လုံးများ။

         ဦးညှို့နက် အိပ်ပျော်နေလေသော
အိပ်ရာပေါ်က သွေး အနား အသာအယာ
တက်သွားလေတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်
ပျော်နေလေသော သွေး။

  ဟုတ်တယ် သွေး။ ဝတ္ထုကမ္ဘာထဲမှာ
စာရေးဆရာ သတ်လို့ သေသွားခဲ့လေ
တဲ့ သွေး။ သူမကို အရလိုချင်သလို
ကလဲ့စား ချေမှ ကျေနပ်မည်။

    ဦးညို့နက်  သူ့ အပေါ်ဝတ်တို့ကို
ချွတ်ပစ်လိုက်ချိန်အထိ လန့်မနိုးသေး
သော သွေး။ နောက်ဆုံး အဝတ်တစ်စက်
မျှ မရှိလေတော့ သူမ ကိုယ်ပေါ် ပျံတက်
နေလေသော မိစ္ဆာဦးညှို့နက်၏ ကိုယ်ခန္ဓာ။

     အခုချိန်အခါတော့ ဦးညှို့နက်ဆိုသူဟာ
ရိုးရိုးလူသား မဟုတ်တော့။ ဝိဥာဉ်နဲ့ ကိုယ်
ခန္ဓာကို လုခံထားရသည် ဖြစ်တာကြောင့်……

Love + Love [Normal Fiction]Where stories live. Discover now