1.1(U)(တုနှိုင်း၍မရသော အထီးကျန်မှု)

4.9K 485 13
                                    

"ငါနှစ်ပေါင်းများစွာ အစ်ကိုတစ်ယောက်
မဖြစ်ပေးနိုင်တော့ဘူး( 1)"

(Unicode)

"ဆရာ၊ဆရာ"

အသံတိုးတိုးနဲ့ ချန်လီကောကို ခေါ်နေသံကြားလိုက်ရသည်။

သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ မဟော်ဂနီရောင် ကုလားထိုင်တစ်လုံးပေါ်မှာ
သူက ထိုင်နေခဲ့တာဖြစ်သည်။
သူက ညင်သာစွာ ပြောလိုက်သည်။

"ပြော"

စကားသံက ဆက်သွားသည်။

"မမလေးကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုထဲမှာ ပြန်ရှာတွေ့ပါပြီ"

ချန်လီကောက စိတ်ရှုပ်ထွေးနေပေမယ့်
သူ့အမူအရာကိုထိန်းရင်း ချက်ချင်း
ပြန်ပြောလာသည်။

"ဆောက်လုပ်ရေး လုပ်ငန်းခွင်လား???"

ထိုလူ၏ စကားသံက တစ်ခုခုကိုပြောဖို့
ချီတုံချတုံဖြစ်နေပုံရပြီး အဆုံးမှာတော့
သူကချန်လီကောကို အမှန်တရားကို ဖွင့်ချပြောလာသည်။

"မမလေး...မမလေးကလေ...ကြည့်ရတာ...တစ်ယောက်ယောက်နဲ့ချစ်နေပုံရတယ်"

ချန်လီကောက သူ့မျက်ဝန်းတွေကို နောက်တစ်ကြိမ် ထပ်မှိတ်လိုက်ရင်း ပြောလာခဲ့သည်။

"မင်းမသိချင်ယောင်ဆောင်လာတာကို ငါသိတယ်"

"ဟုတ်ကဲ့"

ထိုအသံက ချန်လီကောကို တလေးတစားပြောလာသည်။

ချန်လီကောက သူ့ကိုထွက်သွားခိုင်းတော့
သူက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်သို့ထွက်သွားပြီးနောက် သူ့နောက်က
အခန်းတံခါးကို ညင်သာစွာပိတ်လိုက်သည်။

ထိုလူထွက်သွားမှ ချန်လီကောက လက်ရှိသူ့အခြေအနေကို ပြန်လည်သုံးသပ်ဖို့အချိန်ရမည်။
သူကထိုင်နေရာကထလိုက်ပြီး systemကို သူ့ကို
အခုရောက်နေတဲ့ကမ္ဘာရဲ့ အချက်အလက်တွေ
ပေးဖို့ပြောလိုက်ရင်း သန့်စင်ခန်းထဲသို့ ဝင်ခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now