Chapter....44

10.1K 594 42
                                    

အသက်ငယ်ငယ်လေးနဲ့ဒီလိုနေရာကိုရောက်.လာတဲ့ကောင်ငယ်လေးကိုသနားတာကိုနှမြော
စိတ်တို့ကဒွန်တွဲလျက်...ကံကောင်းတာက
ကောင်ငယ်လေးက သူ့ဘဝလေးပျက်စီးမနေ
သေးပေ....။

သူကတော့ထိုအရာထက် အပယ်ခံဆောင်ကို
ရောက်မှာပိုကြောက်နေပုံပင်..ခတ်အနေနဲ့လူ
သစ်ဖြစ်တာကြောင့်သိပ်နားမလည်ပေမဲ့...ထို
နေရာကဆိုးဝါးပြီးမနေချင်ကြတဲ့နေရာတစ်ခု
ဘဝတွေရစရာမရှိအောင် ပျက်စီးနိင်သည့်နေ
ရာတစ်ခုပင်ဖြစ်လိမ့်မည်....။

"အကိုကအခုမှရောက်လာတဲ့လူသစ်မို့နားမ
လည်သေးတော့ ဒီကအကြောင်းတွေဘယ်သိ
မလဲ...ဒီကလူသစ်တွေကတပတ်လောက်ထိ
Barကဧည့်သည်တွေနဲ့မိတ်ဆက်သလိုရင်းနှီး
အောင်နေကြရတယ်...အဲထဲမှလူကြိုက်များ
တဲ့လူတွေကိုတော့တစ်ရက်ခြားစီသူဌေးတွေ
နဲ့ ကြေးစားဆက်ဆံခိုင်းတယ်..."

"လူကြိုက်မများတဲ့လူတွေကိုကော..."

"သူတို့တွေကတော့မျက်နှာချင်းဆိုင်ကအပယ်
ခံဆောင်ကိုရောက်သွားကြတယ်...."

"ညီပြောပုံအရ...အဲ့အဆောင်မှာနေရရင်ဆိုး
ဝါးတဲ့ကိစ္စတွေကိုဆောင်ရွက်ရတဲ့ပုံဘဲ.."

"သိပ်ဟုတ်တာပေါ့...အဲ့အဆောင်ကလူတွေကညဌက်တွေအဖြစ်အလုပ်လုပ်ကြရတယ်
လမ်းမတွေမှာထွက်ပြီးဖောက်သည်ရအောင်
ရှာရတယ်...ပြီးရင်ပျိုပျိုအိုအို..ရုပ်ချောချော
ရုပ်ဆိုးဆိုးဖြစ်နေရင်တောင် ညတိုင်းဆက်ဆံ
ကြရတယ်...အဲ့ကရတဲ့ငွေတွေကိုလည်းပိုင်ရှင်
ကပြန်ယူတယ်လေ..."

"လမ်းမကိုတောင်ထွက်ရသေးတာဘဲ..ထွက်
ပြေးဖို့အတွက်အခွင့်အရေးမဟုတ်ဘူးလား"

"ထွက်ပြေးလို့မရဘူးအကို...စောင့်ကြပ်နေတဲ့
လူတွေရှိတယ်လေ...ထွက်ပြေးလို့မိရင်လည်း
အသေနှိပ်စက်ခံရတာကြောင့် ဘယ်သူမှမ
လုပ်ရဲကြဘူး...အားမတန်မာန်လျော့ရတာပေါ့
သူတို့လက်ခုပ်ထဲကရေလိုပါဘဲ..."

"သနားစရာဘဝတွေပါလား...ဒီလိုလုပ်ရက်
တွေကိုဒီနိင်ငံကရဲတွေကမဖော်ထုတ်ကြဘူး
လား....အကိုပြောတာက..ဒါတွေကတရားမဝင်လုပ်ငန်းတစ်ခုဘဲ...တစ်သက်လုံးထောင်နန်း
စံနိင်တယ်...."

ကကြိုးရုပ်[ Complete ]Where stories live. Discover now