Part 25

4.8K 502 38
                                    

ဗညားသတိုး နန်းစောရှင်ရဲ့ကိုယ်လေးကိုစိတ်ကြိုက်ပွေ့ယမ်းပြီးမှ လွှ‌တ်ပေးလိုက်သည်။
ထားဝယ်မြစ်ရေပြင်ထဲတွင် နှစ်ဦးသားတစ်ယောက်နှင့်တစ်ယောက် အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ဗညားသတိုးရဲ့နှုတ်ခမ်းထောင့်လေးတွေက ကော့တက်လာကာ မျက်လုံးလေးတွေအထိ ပြုံးရိပ်ထင်လေသည်။

ဗညားသတိုး နှင်းဆီသွေးလွှမ်းနေသည့်နန်းစောရှင်ပါးပြင်လေးကို မဝံ့မရဲကြည့်လိုက်ပြီး ရင်ထဲတွင် ပျော်ရွှင်မှုတို့ကအတိုင်းမသိ။

"ဒါဆိုကိုယ်တော်တို့က ချစ်သူရည်းစားတွေဖြစ်ပြီပေါ့နော်"

နန်းစောရှင်ရဲ့ပါးပြင်လေးတွေက ပိုလို့နီမြန်းလာကာ ခေါင်းအသာညိတ်သည်။

"မှန်ပါ့"

"အဲ့သလိုဆိုသည်နေ့ကစပြီး ချစ်နေ့စွဲတစ်ရက်ရှိပြီ"

ဗညားသတိုး နန်စောရှင်ရဲ့နှဖူးလေးကိုကြင်ကြင်နာနာ နမ်းသည်။အိမ်ရှေ့မင်းရဲ့အနမ်းက ကြင်နာကာ ချစ်ခြင်းအပြည့်ပါသည်။နန်းစောရှင် ကြည်နူးသွားရပါသော်လည်း အနာဂါတ်ကိုမျှော်တွေးကာစိုးရိမ်ဆဲ။နန်းစောရှင်ရဲ့နှုတ်ခမ်းဖျားလေးတွေက တုန်ယင်သွားကာ အိမ်ရှေ့မင်းကို မဝံ့မရဲကြည့်သည်။

"အိမ်ရှေ့မင်း ကျွန်တော်မျိုးတို့ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ထားချင်ပါတယ်"

နန်းစောရှင်ရဲ့စိုးရိမ်မကင်းဖြစ်နေသည့်အမူအယာလေးကြောင့် ဗညားသတိုး စိတ်ထဲအလိုလိုက်အကြိုက်ဆောင်လိုသည့်စိတ်ကလေးများ ပေါက်ဖွားလာသည်။

"ကောင်းပြီ နန်းစောရှင်သဘော"

"လူတွေရှိရင် ကျွန်တော်မျိုးရဲ့လက်ကို မကိုင်ရဘူး"

"ကောင်းပြီ"

"ကလူကျီစယ်တဲ့စကားလည်း မဆိုရော့နဲ့"

"သဘော"

"ပြီး ပြီးတော့ အနေအထိုင်ဆင်ခြင်ရမယ်"

"အမိန့်အတိုင်းပါဗျား..နှစ်ဦးသားထဲရှိချိန်တော့
ကိုယ်တော့်သဘောကျပေါ့"

နန်းစောရှင် ရှည်လျားကော့ညွှတ်သည့်မျက်တောင်လေးကို တစ်ချက်ခတ်လိုက်ပြီး လေသံလေးမြှင့်ခေါ်လိုက်သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now