𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-3:𝙰𝚝 𝙼𝚒𝚍𝚗𝚒𝚐𝚑𝚝

144 17 0
                                    

[ညသန်းခေါင်ယံ၌]

-တိတ်ဆိတ်လျက်ရှိသော ညသန်းခေါင်ယံအချိန်၌ ကီးကြောင်နေသော စန္ဒရားအသံသည် ကျယ်လောင်စွာထွက်ပေါ်လာ၏။

"ဟာ..ဘာလဲကွာ၊ နားငြီးလိုက်တာ။
ဘယ်အကောင်က လက်ကမြင်းနေတာလဲကွာ။"

-ပို၍ပင် ကျယ်လောင်လာလျက်ရှိသော စန္ဒရား၏အသံကြောင့် အိပ်လို့မရတော့သဖြင့် အိပ်မှုန်စုံမွှားနှင့်သာ အိပ်ရာမှ ကျွန်တော်ထလာခဲ့ရတော့၏။ မျက်လုံးကသေချာမပွင့်သေးသဖြင့် အခန်းတံခါးနှင့်တိုက်မိသေးသည်။

*ဒုန်း*

"F*ck...သောက်တံခါးကတစ်မျိုးကွာ နားငြီးရတဲ့ကြားက။"

-ဧည့်ခန်းထဲ အထိထွက်လာခဲ့သည်။ မိမိ၏ အိမ်အကျဉ်းလေးထဲတွင် စန္ဒရားဟူသော တူရိယာမရှိသလို၊ ထိုအရာနှင့်တူသော တူရိယာလည်း မရှိပါပေ။ ဧည့်ခန်းထဲက မီးမဖွင့်မီ ပြတင်း‌ပေါက်မှ ဘေးအိမ်သို့ ဝေ့ဝဲကာ ကြည့်လိုက်မိ၏။ ထိုအိမ်ထဲ၏ အပေါ်ထပ်တွင် မီးလင်းနေ၏။

"ဟက်...ခင်ဗျားမအိပ်သေးဘူးပဲ၊ ဘယ်မိန်းမနှင့်များ ပျော်ပါးနေသလဲ။"

-မျက်နှာထားကို မဲ့ကာကျွန်တော်ပြောလိုက်မိ၏။ ဟုတ်သည်လေ။ ကျွန်တော်ဘယ်နေရာများ မှားပြောမိသလဲ။

"ညနေက မိန်းကလေးနှင့်ပဲနေမှာပေါ့။"

-စန္ဒရားအသံက ပိုလို့ပင်ဆိုးလာသည်။ ကျွန်တော့်တစ်ယောက်တည်းကိုပဲ ကွက်ကာနှိပ်စက်နေသလား အောက်မေ့ရသည်။ အခြားအိမ်ကလူတွေ မကြားကြဘူးလား။

-စန္ဒရားသံ၏ လာရင်းနေရာအား ‌အသေအချာနားထောင်မိသည်။
လက်စ‌သတ်တော့ ခင်ဗျားတီးနေတာပဲ။ ကီးကြောင်လိုက်တာဗျာ။
ဒါမှမဟုတ် ဟိုအမျိုးသမီးတီးနေသည်လည်း ဖြစ်နိုင်သည်။
ဟက်...ကျွန်တော်က ခင်ဗျားကို အတော်ကာကွယ်ပေးချင်နေတာပဲ။
ခင်ဗျားတီးနေတာက မကောင်းတာလည်း ဖြစ်နိုင်တာကို ဟိုအမျိုးသမီးကို လွှဲချသည်လေ။ ရူးလိုက်ပါပေ့ကွာ...။

-စန္ဒရားအသံသည်လျော့မသွား၊ ပို၍ပင် ကျယ်လောင်သည်ထက်ကို ကျယ်လောင်လာသည်။ ကျွန်တော့်အား အိပ်ကောင်းခြင်းမအိပ်ရလေအောင် နှိပ်စက်လေပြီထင်ပါရဲ့။ ဘာပါလိမ့်လို့..ညနေက အမျိုးသမီးလေးနှင့် အတူရှိနေတာနှင့် နှိပ်စက်လို့ မဝသေးလို့လား။

-ကဲ..ကဲ။ နှိပ်စက်‌လို့မ‌ဝသေးရင်လည်း ဆက်တီးဗျာ။ ခပ်ဆိုးဆိုးကီးကြောင်နေတဲ့ စန္ဒရားအသံက ခင်ဗျားတီးတာမို့ ပျော်ပျော်ကြီး နားဆင်ပေးလိုက်ဦးမှာ။ တီးစေဗျာ။ ခင်‌ဗျား မအိပ်သေးသ၍ တီး၊ ကျွန်တော်လည်း ထိုင်နားထောင်နေမှာမလို့။ အင်း...ဘေးပတ်ဝန်းကျင်တော့ အားနာစရာပေါ့။

-ခင်ဗျားက ဘေးပတ်ဝန်းကျင် ဂရုစိုက်တတ်တဲ့ လူစားမှမဟုတ်ဘဲ။ အင်း..ကောင်းပါပေ့ ခင်ဗျားနှင့်တော့။

[31.1Jan.2022]

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now