57

9.2K 1.8K 108
                                    

Unicode

“အဲ့တာ ခင်ဗျားကြောင့်..!”

ရွှယ်ယို့ရှန်းက သူ့ကို မျက်နှာသာမပေးတဲ့ ဟိုနှစ်ယောက်ကို မဖက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ထိုနှစ်ယောက်ကလည်း ကြမ်းကြမ်းတမ်းတမ်း စတင်တိုက်ခိုက်နေကြလေပြီ။ သူတို့ကြည့်ရတာ အချိန်တိုအတွင်း အနိုင်အရှုံးကွဲပြားဖို့ ခက်ခဲဦးမယ့်ပုံပဲ။ သူကလည်း မလောပါဘူး။ သူတို့ တိုက်ခိုက်လို့ပြီးတဲ့ အချိန်အထိ စောင့်နေလိုက်မယ်။ ပြီးရင် အရှေ့ထွက်ပြီး ဖြေရှင်းလို့ရပြီ။

ဒါပေမဲ့ လူတိုင်းရဲ့ လျစ်လျူရှုမှု ခံလိုက်ရတဲ့အချိန်ကို ပြန်တွေးမိတိုင်း ရွှယ်ယို့ရှန်းမှာ ရင်းဆုယဲ့ကို တစိမ့်စိမ့် မကျေမနပ်ဖြစ်လာတော့တယ်။

ဟမ့်..!

ရင်းဆုယဲ့သာ ကလန်ကဆန်မလုပ်ခဲ့ရင် ဒီလိုရှက်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်လာမှာမဟုတ်ဘူး။

ဒါတွေအကုန်လုံး ရင်းဆုယဲ့အမှားပဲ..!

“ဟုတ်ပါတယ်.. ကိုယ့်အမှားပါ..”

ကောင်လေးက သူ့ကို မမြင်ချင်သလိုမျိုး တစ်ဖက်လှည့်သွားတာကို ကြည့်ရင်း ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်က မသိမသာ ကွေးတက်သွားရတယ်။ သူ့ရဲ့ လေသံထဲမှာ အလိုလိုက်ခြင်းအပြည့်။ သေသေချာချာ သတိထားကြည့်ရင်း အတော်လေး ပီတိဖြာနေတဲ့ အရိပ်အယောင်တချို့တောင် ရောယှက်ပါဝင်နေသေးတယ်။

“ခင်ဗျားအမှားကို သိတယ်ဆိုရင်လည်း မြန်မြန်အလျော်ပေးတော့.. မဟုတ်လို့ရှိရင်……”

ရွှယ်ယို့ရှန်းက ပါးစပ်ကပြောရင်း သူ့ရဲ့ လက်သီးသေးသေးလေးကို မြှောက်ပြလိုက်တယ်။ စကားနားမထောင်ရင် လက်သီးစာမိမယ်..!

“ကောင်းပါပြီ..”

မျက်လုံးကြီးပြူးပြီး ဒေါသထွက်နေတဲ့ အမူအရာမျိုး အသည်းအသန် လုပ်ပြနေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ဟော်ရူယန်ကြောင့် စိတ်ရိုင်းဝင်တော့မလိုဖြစ်နေတဲ့ ရင်းဆုယဲ့လည်း အတော်လေး စိတ်ကြည်လင်လာခဲ့တယ်။

မျက်လုံးအကျယ်ကြီးပြူးလိုက်ရင် သူ့ရဲ့ မျက်ဝန်းတွေက အရည်လဲ့လာတယ်ဆိုတာကို ရွှယ်ယို့ရှန်းက တကယ်ပဲ မသိတာလား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now