part30/End (zawgyi)

1.4K 16 0
                                    

love+love
Author blackclock

Chapter 18

   ရောင်စုံစလိုက်မီးတို့ လင်းလက်နေတဲ့
စတိတ်ပေါ် ဖျော်ဖြေနေလေသော မိန်းမပျို။
သူမကို စွဲလန်းလွန်းနေပေမယ့် တွေးတော
ကြည့်မိခဲ့ရသလောက် သူဟာ ရူးလုလု ဖြစ်
နေတဲ့ စာရေးဆရာ တစ်ယောက်။

  တစ်နေ့တုန်းဆီက သူမ နေထိုင်ရာ
အဆောင်ရှေ့က လှည့်ပြန်ခဲ့မိချိန်မှ
စလို့ တွေးမိခဲ့တဲ့ နောင်ရေးအတွက်
အကြောင်းဆက် တချို့။

            သူ စိတ္တဇဖြစ်နေသလို ဝတ္ထုထဲက
ဇာတ်ကောင် အသက်ဝင်လာလို့ သူမကို
သူ့ထံက လုယူသွားမှာ စိုးရွံ့မိတာတော့
အမှန်ပင်။

     " ဦး "
"ဟင်"

    ဘယ်ချိန်ကရောက်နေမှန်းမသိသော
သီချင်းဆိုတဲ့ ကောင်မလေး။ သူမ နာမည်
က အသွေးတဲ့။ ဦးညှို့နက် နောက်ဆုံးသော
ဝတ္ထုကို ရေးရင်း ဝတ္ထုထဲရှိ မင်းသမီးနဲ့တူ
လေသော ဒီမိန်းကလေးကို အမှတ်တမဲ့ တွေ့
မိစဉ်က ကြွေမိခဲ့လေတာမို့……။

"အသွေး ထိုင်မယ်နော်"
"ဟွန် အဟင်း ထိုင်ပါ လေဒီ"

"ဦး မကြာ မကြာလာတယ်နော်"
"ဟွန် အဟင်း ဆိုပါတော့"
"ဦး အသွေးကို မေးသေးတယ်ဆို
အခန်းဖော်က ပြောပြလို့"

"ဟင် အဟင်း ဟို မ မြင်မိတာမို့ပါ
အဲ့တာနဲ့ မေးကြည့်ရုံ အဟင်း"

"အို ပြန်တော့မလို့လား ဦး"
"ပြန်တော့မယ်ဗျ"

   ဦးညှို့နက် ထိုစကားသာ ဆိုနိုင်သည်။
မိန်းမပျိုလေးက မှိုင်တိုင်တိုင်လေး ကျန်
နေခဲ့လေသည်။ တေးသံတွေက ဆိုင်အတွင်း
ဆူညံပွတ်ထနေသလို ဦးညှို့နက် ရင်ထဲမှာ
လည်း မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုတို့အတွက်
ရူးသွပ်မိရင်း ဗလောင်ဆူ သောကပွေနေလေပြီ။

  လှမ်းနေသော ခြေလှမ်းတွေက
လသာသာ အောက် တစ်ကိုယ်
တည်းလျှောက်နေသော သူ၏
ယိုင်တိယိုင်တိုင် အလှမ်းတချို့။

  " ဦး…… ဦး……"

   အချိန်တစ်ခုအကြာ လှမ်းလျှောက်မိချိန်
ကြားလိုက်ရလေသော ခေါ်သံ။ သူ လှည့်
မကြည့်ဝံ့။

Love + Love [Normal Fiction]Where stories live. Discover now