part30/End(unicode)

3.9K 31 15
                                    

love+love
Author blackclock

Chapter 18

   ရောင်စုံစလိုက်မီးတို့ လင်းလက်နေတဲ့
စတိတ်ပေါ် ဖျော်ဖြေနေလေသော မိန်းမပျို။
သူမကို စွဲလန်းလွန်းနေပေမယ့် တွေးတော
ကြည့်မိခဲ့ရသလောက် သူဟာ ရူးလုလု ဖြစ်
နေတဲ့ စာရေးဆရာ တစ်ယောက်။

  တစ်နေ့တုန်းဆီက သူမ နေထိုင်ရာ
အဆောင်ရှေ့က လှည့်ပြန်ခဲ့မိချိန်မှ
စလို့ တွေးမိခဲ့တဲ့ နောင်ရေးအတွက်
အကြောင်းဆက် တချို့။

            သူ စိတ္တဇဖြစ်နေသလို ဝတၳုထဲက
ဇာတ်ကောင် အသက်ဝင်လာလို့ သူမကို
သူ့ထံက လုယူသြားမွာ စိုးရွံ့မိတာတော့
အမှန်ပင်။

     " ဦး "
"ဟင်"

    ဘယ်ချိန်ကရောက်နေမှန်းမသိသော
သီချင်းဆိုတဲ့ ကောင်မလေး။ သူမ နာမည်
က အသွေးတဲ့။ ဦးညှို့နက် နောက်ဆုံးသော
ဝတၳုကို ရေးရင်း ဝတၳုထဲရှိ မင်းသမီးနဲ့တူ
လေသော ဒီမိန်းကလေးကို အမှတ်တမဲ့ တွေ့
မိစဉ်က ကြွေမိခဲ့လေတာမို့။

"အေသြး ထိုင်မယ်နော်"
"ဟွန် အဟင်း ထိုင်ပါ လေဒီ"

"ဦး မကြာ မကြာလာတယ်နော်"
"ဟွန် အဟင်း ဆိုပါတော့"
"ဦး အေသြးကို မေးသေးတယ်ဆို
အခန်းဖော်က ပြောပြလို့"

"ဟင် အဟင်း ဟို မ မြင်မိတာမို့ပါ
အဲ့တာနဲ့ မေးကြည့်ရုံ အဟင်း"

"အို ပြန်တော့မလို့လား ဦး"
"ပြန်တော့မယ်ဗျ"

   ဦးညှို့နက် ထိုစကားသာ ဆိုနိုင်သည်။
မိန်းမပျိုလေးက မှိုင်တိုင်တိုင်လေး ကျန်
နေခဲ့လေသည်။ တေးသံတွေက ဆိုင်အတွင်း
ဆူညံပြတ္ထေနသလို ဦးညှို့နက် ရင်ထဲမှာ
လည်း မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုတို့အတွက်
ရူးသွပ်မိရင်း ဗလောင်ဆူ သောကပွေနေလေပြီ။

  လှမ်းနေသော ခြေလှမ်းတွေက
လသာသာ အောက် တစ်ကိုယ်
တည်းလျှောက်နေသော သူ၏
ယိုင်တိယိုင်တိုင် အလှမ်းတချို့။

  " ဦး ဦး"

   အချိန်တစ်ခုအကြာ လှမ်းလျှောက်မိချိန်
ကြားလိုက်ရလေသော ခေါ်သံ။ သူ လှည့်
မကြည့်ဝံ့။

  သူမ ဖြစ်နေမည်ကို သိပ်ကြောက်မိသည်။
သူမနဲ့ တသက်တာလုံး မနေနိုင်တာကြောင့်
ကနဦးအစကပင် သူမကို သံယောဇဉ် မဖြစ်
ချင်။

   သူဟာ စာရေးဆရာ တစ်ယောက်။ ပုံမှန်
အချစ်ဇာတ်လမ်းကို အထူးတဆန်းရေးရာ
က အတွေးတို့က တဆင့် အိမ်မက်တို့အထိ
စိတ္တဇဖြစ်ရပ်တို့ရဲ့ ပိုင်စိုးထားခြင်း ခံနေရ
လေသူ။

  တစ်နေ့တုန်းက သူ တွေးပုံအရသာဆို
သွေးကို ဟိုဘက်ကမ်ဘာက ကောင် သိမ်း
ပိုက်မည်၊ သူ့ကို ဝတၳုကမ်ဘာထဲမှာ ပိတ်
လှောင်ထားမည် ၊ ဒါကြောင့် သူ တွေးရင်း
ရူးတော့မည်။

        အကယ်၍များ စာရေးဆရာ သေသွား
တဲ့အခါ မဖြစ်နိုင်ပေမယ့် ဖြစ်နိုင်စွမ်းရှိ
သော ဝတၳုထဲက လူတွေ အသက်ဝင်လာမယ့်
ရန် ဘေးကို ဦးညှို့နက် ဒီည ဖြေရှင်းဖို့
ဆုံးဖြတ် နေမိတော့သည်။

       တဝီဝီ မြည်နေလေသော ကားလမ်းမ
ဆီ တစ်ချက် ငေးကြည့်မိလိုက်သည်။ ထို့
နောက် ခြေဦးကို လှမ်းကြွလိုက်ကာ ကားလမ်း
မဆီ ဦးတည် လမ်းလျှောက်လိုက်မိလေသည်။

  " ဟင် ဦး ကား ကား"

   ကားလမ်းမအထက် မတ်တပ်ရပ်ကာ
မျက်လုံးစုံမှိတ်ထားခိုက် ကြားလိုက်ရ
လေသော အော်သံ။ သိနေပေမယ့်
အရာရာ အဆုံးသတ်သင့်ပြီ ဖြစ်တာကြောင့်

  " ကျွီ ကျွီ  တီ တီတီ တီ"

    အသံတို့ ဆူညံသွားတော့ အသည်း
တစ်ချက် အေးသွားရပေမယ့်  ထိတွေ့မှုတစ်စုံတစ်ရာက
သူ ထင်ထားတဲ့ အရာ မဟုတ်။

  မျက်ဝန်းအစုံကို ဖွင့်ကြည့်မိလေတော့
မြင်လိုက်ရတာက လမ်းမပေါ် ခွေလဲကျ
နေလေသော မိန်းကလေး။
   သူမ။ ဟုတ်တယ် သူမ အေသြး။

"သွေး သွေး မဟုတ်ဘူးလေကွ
သွေး သွေး"

    ကမ်ဘာကြီး ပေါက်ကွဲထွက် မတတ် သူ
ဟစ်အော် မိလိုက်လေသည်။ ဤကမ်ဘာ
မှာတော့ သွေး သေဆုံးခဲ့လေပြီ။

[ ပြီးပါပြီ ]

Author blackclock

စာမူပြီးချိန် 8:14pm - Nov 23 /2021 Tue

(စာရေးသူ၏ ရှင်းလင်းချက်

      ဝတၳုကမ်ဘာနဲ့ စာရေးသူတို့ ကမ်ဘာလောက
ဟာ အပြိုင်တည်ရှိနေတဲ့ ပုံစံနဲ့ အထူးတဆန်း
ထွင် ရေးသား ခဲ့ပါသည်။ ဤဝတၴုဇာတ်သိမ်းမှာ
ဆို စာရေးဆရာ ဦးညှို့နက်ဟာ ဝတၳုကမ်ဘာထဲကို
အမှန်တကယ် ရောက်ရှိသွားရပါတယ်။ အေသြး
ဆိုတဲ့ မိန်းကလေးကို သူ့ရှေ့မှာ သေတာ မြင်
လိုက်ရတဲ့ အခါ အသည်းတို့ နာကျင်အက်ကွဲ
ရင်း ကျန်ခဲ့ရပါတယ်။

  သို့ပေမယ့် ဝတၳုကမ်ဘာကနေ ထွက်လာခဲ့တဲ့
လူမိုက်စတိုင်နဲ့ ဦးညှို့နက်ကတော့ အပြင်လော
ကမွာ ပျော်ရွှင်သော မိသားစုလေးကို ဖန်တီးလို့
နေ့စဉ်ရက်ဆက် အချိန်ပြည့် မှောင်ပါတော့တယ်။)

 

Love + Love [Normal Fiction]Where stories live. Discover now