အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)

3K 398 1
                                    

[Zawgyi]

အစတုန်းက သူတို့ဟာ ၇ နှစ် ၈ နှစ်သာရှိသေးတဲ့ မိန်းကလေးနှစ်ယောက် ဖြစ်တာကြောင့် သူတို့ကို အနည်းငယ်ခြောက်လှန့်ရုံနဲ့ ပိုက်ဆံတွေကို အလွယ်တကူရနိုင်မယ်လို့ တွေးမိတယ်။ ဒါပေမယ့် ရှောင်ချောင်းက သူ့ကို စစ်ဆေးရေးရုံးနဲ့ ကြိမ်ဒဏ်ပေးခြင်းပြစ်ဒဏ်အကြောင်းပြောကာ ခြိမ်းခြောက်မယ်လို့တော့ သူမမျှော်လင့်ခဲ့မိဘူး။ သူ့ကိုလှည့်စားပြီးတော့လည်း သူမက အဝေးကို ပြေးဖို့ ကြိုးစားသေးတယ်။ သူ ဒေါသမထွက်ပဲ မနေနိုင်ခဲ့ပေ။ သူက လူတစ်ယောက်ရဲ့ လက်ကောက်ဝတ်လောက်ထူတဲ့ သစ်သားချောင်းကိုကောက်ခဲ့ကာ သူတို့ကို မြန်မြန်တိုက်ထုတ်ပြီး ပိုက်ဆံတွေကို လုကာ ထွက်ပြေးဖို့ ပြင်လိုက်တယ်။ ဒီအချိန်မှာ တစ်ယောက်ယောက် ဖြတ်သွားပြီး သူ့ရဲ့ အားထုတ်မှုတွေအားလုံး သဲထဲရေသွန် ဖြစ်သွားမှာ စိုးတာကြောင့် သူ မြန်မြန် လုပ်ဆောင်ဖို့လိုတယ်။

ရွာမှာ တခြားကလေးတွေရဲ့ ပစ္စည်းကိုယူတာနဲ့ လူတွေကိုအနိုင်ကျင့်တာက သူ ငယ်ငယ်ကတည်းက လုပ်နေကြဖြစ်တယ်။ သို့သော်လည်း လမ်းပေါ်က လူတွေကို လုယက်ပြီး ရာဇဝတ်မှု ကျူးလွန်တာတော့ ပထမဆုံးအကြိမ်ပင်။ ကလိမ်ကကျစ်ကျတဲ့ အမူအရာနဲ့ သူ့နှလုံးကို တင်းမာလိုက်ပြီး သူ့လက်ထဲက သစ်သားတုတ်ကို မ လိုက်ကာ ရှောင်ချောင်းရဲ့ခေါင်းကို ရက်ရက်စက်စက် ရိုက်ဖို့ လုပ်လိုက်တယ်။

ရှောင်လျန်က အော်ဟစ်လိုက်ပြီး သူမမျက်နှာပေါ်က နာကျင်မှုကို လျစ်လျူရှုထားလိုက်ရင်း သူ့ညီမအား ရိုက်လိုက်တာကို ဟန့်တားဖို့ အပြေးသွားလိုက်တယ်။ လွန်ခဲ့တဲ့နွေရာသီတုန်းက သူမညီမလေးကို သူတို့ရဲ့အကြီးဆုံးအရီးက တွန်းချလိုက်လို့ သေလုနီးပါးဖြစ်ခဲ့ရပြီးပြီ။ အနီရောင်သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ သူမညီမလေးရဲ့ ဖြူဖပ်ဖြူရော် မျက်နှာလေးကို သူမဘယ်တော့မှ မေ့လို့မရခဲ့ပေ။ လောလောဆယ်တော့ သူမစိတ်ထဲမှာ သူမကို နောက်တစ်ကြိမ် ဘယ်တော့မှ နာကျင်ခွင့်မပြုတော့ဘူးဆိုတဲ့ အတွေးတစ်ခုသာ ရှိလေတယ်!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now