အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)

2.8K 420 7
                                    

[Zawgyi]

ရှောင်ချောင်းက ရှောင်လျန်ကို ခေါ်ပြီး အနောက်ဘက်တောင်တန်းတွေဆီ မြည်းလှည်း မောင်းထွက်လာခဲ့လိုက်တယ်။ တောင်ခြေရောက်တော့ ရှောင်ချောင်းက ဝါးကျည်တောက်ထဲကို စမ်းချောင်းရေတချို့ကို ထည့်လိုက်ပြီး အပြန်လမ်း၌ အံ့ဖွယ်ကျောက်တုံးကို ထိုရေထဲသို့ စိမ်ထားလိုက်တယ်။ ခဏလောက်ကြာတော့ အားနည်းနေပေမယ့် ရွှင်ပျနေတဲ့ အသံလေးတစ်ခုက ရှောင်ချောင်း စိတ်ထဲမှာ ထွက်ပေါ်လာတယ်။

[ နေရတာ ဇိမ်ကျလိုက်တာ... တောင်တွေမှာရှိတဲ့ စမ်းချောင်းရေက အရမ်းကို သန့်စင်လို့ ငါ့အစွမ်းတွေကို မြန်မြန် ပြန်ရစေတယ်...]

ရှောင်ချောင်းက တော်တော်လေး အံ့ဩသွားတယ်။ အစတုန်းက အံ့ဖွယ်ကျောက်တုံးလေး အစွမ်းတွေ အကုန်သုံးပစ်လိုက်ရလို့ အဖေ့ခြေထောက်ကို ကုတုန်းကလို လေးငါးရက်လောက် အိပ်စက်သွားမယ် ထင်နေခဲ့တာ။

အံ့ဖွယ်ကျောက်တုံးလေးက ရှောင်ချောင်းအတွေးကို ဖတ်လိုက်မိဟန်တူတယ်။ သူက ချက်ချင်းပဲ

[ ကောင်မလေး, မင်းက ဒီအံ့ဖွယ်ကျောက်တုံးကို အထင်သေးနေတယ်ပေါ့လေ!! အရင်တစ်ခေါက်က သခင်ကိုလက်ခံခါစ အချိန်မလို့ ငါ့အစွမ်းတွေက စပြီး နိုးထတုန်းပဲရှိသေးလို့ပါ... အဲ့ဒါမို့ ငါခြေကုန်လက်ပမ်းကျသွားတာ... ဒါပေမယ့် အခုက မတူတော့ဘူးလေ... ဒီ အံ့ဖွယ်ကျောက်တုံးရဲ့ အစွမ်းတွေက တဖြည်းဖြည်း တိုးတက်လာပြီ... ခုဏက ငါ့အစွမ်းတွေက ခဏတဖြုတ်လောက်ပဲ ကုန်သွားတာပါ... ဒီလို သန့်စင်တဲ့ စမ်းရေထဲ စိမ်လိုက်ရတော့ လေးငါးနာရီလောက် သုံးခဲ့ရတဲ့ ငါ့စွမ်းအင်တွေက ပြန်ပြည့်လာပြီ]

အံ့ဖွယ်ကျောက်တုံးလေးက ရှောင်ချောင်းနဲ့ သူမအနီးအနားကလူတွေကို အစွမ်းကုန် ကူညီပြီးတိုင်း သူ့ စွမ်းအင်နဲ့ အားအင်တွေ တိုးလာတယ်ဆိုတာကို ပြောမှာ မဟုတ်ပေ။ ဒီလို စွမ်းအင်မြင့်တက်လို့လာလည်း ကျောက်တုံးလေးက အဲ့ဒီ အားနည်းတဲ့သူတွေကို ထပ်ခါထပ်ခါ ကူညီချင်နေတာပေါ့။ ဒီလိုသာ ဆက်ဖြစ်သွားရင်း တစ်နေ့ သူ့စွမ်းအင်တွေအားလုံး ပြန်ရသွားရင် ဒီလောကက အချုပ်အနှောင်တွေကို ဖျက်ပြီး နတ်ဘုရားမ နူဝါဆီ ပြန်နိုင်ပြီလေ!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now