အပိုင်း ၁၀၈ (မိုးကြိုး)

2.8K 398 0
                                    

[Zawgyi]
အပိုင်း ၁၀၈ (မိုးကြိုး)

ကျွန်မမောင်လေးနဲ့ ကျွန်မက ကျွန်မတို့ အစ်ကိုကြီးကို ကြေးပြားစေ့ အားလုံးပေါင်း တစ်ရာ့နဲ့ ခုနှစ်ဆယ် ပေးခဲ့ဖူးတာ တစ်ကယ်လို့ ပိုနေတဲ့ ကြေးပြားရှိခဲ့ရင်တော့ အဲ့ဒါက ရှင်တို့ဟာ ဖြစ်မှာပေါ့! ရှောင်ချောင်းက ကြိုးကွင်းပေါ်က ကြေးပြားအရေအတွက်ကို ယုံကြည်မှုရှိလေတယ်။ သူမ အစ်ကိုကြီးက အရမ်းခြိုးခြံချွေတာတတ်သူဖြစ်တာမို့ အရေးကြီး တစ်စုံတစ်ရာသာမရှိရင် သူက သူ့ပိုက်ဆံတွေကို ထိမှာ မဟုတ်ပေ။

ဆိုင်ရှင်ကျန်းက ကြိုးပေါ်က ကြေးပြားတွေကို သူလက်ဖဝါးပေါ်မှာ ဖြန့်ချလိုက်ပြီး စိတ်ထဲကနေ ကြေးပြားအရေအတွက်ကို တိတ်တဆိတ် ရေကြည့်နေလေတယ်။ အသေအချာကိုပဲ အားလုံးပေါင်း ကြေးပြား တစ်ရာ့နဲ့ ခုနှစ်ဆယ်ရှိနေလေတယ်။ တစ်ပြားမှလည်းမပိုသလို လျော့လည်း မလျော့ပေ။ တကယ်တော့ သူသောက်ထားတာကြောင့် ယွီဟန်ကို ရိုက်လိုက်တုန်းက သူ့ရဲ့အားကို မထိန်းထားနိုင်ခဲ့။ အရိုက်ခံရတာကြောင့် သွေးထွက်လွန်ပြီး ယွီဟန်က သတိလစ် လဲကျသွားတာဖြစ်တယ်။ ယွီဟန် သတိလစ်သွားပြီးတဲ့နောက် ယွီဟန်ရဲ့ အခန်းထဲကို ရှာဖွေကြည့်လိုက်တော့ ဒီငွေတွေကို ရှာတွေ့ခဲ့တာပင်။ ဒီနေ့ ယွီဟန်ရဲ့ မိသားစုဝင်တွေ ဒီကိုရောက်လာပြီး ဖြေရှင်းချက် တောင်းလာတာကြောင့် သူက အကြောင်းပြချက်အနေနဲ့ ဒီငွေတွေကို အလျင်စလို ထုတ်ပြလိုက်တာပင်။

သူတို့ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးက ဆိုင်ရှင်ကျန်းရဲ့ အမူအရာ အနည်းငယ်ပြောင်းသွားတာကို တွေ့လိုက်ကြတယ်။ သူ့နဲ့ နီးနီးကပ်ကပ်မှာရှိတဲ့လူတွေက ကြေးပြားတွေကို တွဲထားတဲ့ အပ်ချည်ကြိုးက ရှောင်ချောင်း အခုလေးတင် ပြောခဲ့သလိုမျိုး ရောင်စုံပန်းထိုးချည်မျှင်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေတယ်။ လူအုပ်ကြီးရဲ့ စိတ်အစဉ်က ရှောင်ချောင်းဘက်ကို တစ်ဖန် ယိမ်းယိုင် သွားကြပြန်တယ်။

သို့သော်လည်း ဆိုင်ရှင်ကျန်းက ရိုင်းစိုင်းစွာနဲ့ မတော်တရား ပြန်ပြောလာလေတယ်

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now