အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)

2.9K 393 0
                                    

[Zawgyi]

စိတ်စွမ်းအင်အာကာပြင်! မိုးကြိုးနတ်ဘုရားနဲ့ လျှပ်စီးနတ်ဘုရားမတို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီး သူတို့မျက်နှာအမူအရာကတော့ တုန်လှုပ်သွားကြတယ်။ ဒီပျက်စီးနေတဲ့နေရာမှာ စိတ်စွမ်းအင် အာကာပြင်အကြောင်း သိတဲ့သူရှိနေတယ်။ ဝိညာဉ်နတ်ဘုရားမကစေလွှတ်လိုက်တဲ့ ကင်းလှည့် သံတမန်များလား!

"မင်း  မင်းကဘယ်သူလဲဆိုတာ သိခွင့်ရှိမလား"

လျှပ်စီးနတ်ဘုရားမက မိုးကြိုးနတ်ဘုရားကို ဘေးတွန်းလိုက်ပြီး သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလိုက်ပြီး မေးလိုက်တယ်။ သူမမျှော်လင့်ထားတာတွေ ဖြစ်မလာမှာကိုလည်း စိုးရိမ်နေမိတယ်။

[ဟမ့်! စိတ်စွမ်းအင်အာကာပြင်က နတ်ဘုရားတွေဖြစ်ပြီး မြင့်မြတ်တဲ့အံ့ဖွယ်ကျောက်တုံးကို မသိကြဘူးပဲ... ဒီလောက် မသိနားမလည်နေမှတော့ ဒီလိုနိမ့်ကျတဲ့နေရာကို နယ်နှင်ဒဏ် ပေးခံထားရတာ မထူးဆန်းတော့ပါဘူးလေ ဝမ်းနည်းဖို့ကောင်းလိုက်တာ! သနားစရာပဲ ကျွတ် ကျွတ်]
ရွှေရောင်ကြောင်လေးက ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး သက်ပြင်းချလိုက်တယ်။

ဒေါသထွက်လွယ်တဲ့ မိုးကြိုးနတ်ဘုရားကတော့ ကြောင်ပေါက်စလေးက လှောင်ပြောင်နေတာကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါလိမ့်မလဲ။ မိုးကြိုးနတ်ဘုရား ဒေါသပုန်ထခါနီးမှာပဲ လျှပ်စီးနတ်ဘုရားမက သူမယောက်ျားကို တားလိုက်ပြီး အကြည့်တစ်ချက် ပေးလိုက်တယ်။ ပြီးမှ သူမကပြုံးလိုက်ပြီး

ကြှနျုပျတို့က မသိမနားမလည်တဲ့သူတွေဖြစ်လို့ အရှင့်ကို မသိတာပါ အရှင်က ဝိညာဉ်နတ်ဘုရားမက စစ်ဆေးဖို့ လွှတ်လိုက်တဲ့သူများလား

"ဝိညာဉ်နတ်ဘုရားမ ဟုတ်လား ဟွန့် သူ့လိုနတ်ဘုရားမျိုးက ဒီအံ့ဖွယ်ကျောက်တုံးကို အမိန့်ပေးနိုင်တယ်များ ထင်နေတာလား]

ရွှေရောင်ကြောင်ပေါက်လေးက ခေါင်းမော့ပြီး နှာမှုတ်လိုက်တယ်။

[ဒီအံ့ဖွယ်ကျောက်တုံးက နတ်ဘုရားမနူဝါလက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့သူ နတ်ဘုရားမနူဝါရဲ့ အချစ်တော်ကွ။ ဝိညာဉ်နတ်ဘုရားမကတောင် ငါ့ကိုမျက်နှာသာပေးရတယ်]

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now