အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)

3.1K 403 7
                                    

[Zawgyi]

ငါ မှားမှန်းသိပါပြီ... အရမ်းလည်း နောင်တရပါတယ်! ဒါတွေအားလုံး ငါ့အပြစ်တွေပါ... တကယ်ကို သေသင့်တာပါ! ငါမူးနေတဲ့အချိန် ယွီဟန်ကို ရိုက်နှက်မိတာပါ ဒါပေမဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ငါကြောက်လို့ သူ ငါ့ငွေတွေ ခိုးတဲ့ပုံလိုဖြစ်အောင် လုပ်ပြောမိပါတယ်! ကောင်းကင်ဘုံခင်မျာ... ကျေးဇူးပြုပြီး ဒီငမိုက်သားကို ခွင့်လွှတ်ပေးပါ!

ကျန်းသုံ့မင်ဟာ သူ လုပ်ကြံဖန်တီးခဲ့တဲ့ လုပ်ရပ်ကြောင့် လန့်ဖြန့်နေရှာတယ်။ သူ သူ့လက်ကို ခေါင်းပေါ် မြောက်လျက် ဒူးထောက်ကာ ခွင့်လွှတ်ပေးဖို့ ပျက်နေတဲ့ ဓာတ်ပြားတစ်ခုလိုမျိုး ထပ်ခါထပ်ခါ တောင်းပန်နေလေတယ်။

တကယ်တော့ ကျန်းသုံ့မင်ဟာ အမြင်ထက်မြက်တဲ့ စီးပွားရေးသမားကောင်းတစ်ယောက်ပင်။ မဟုတ်ရင် မြို့တော်က သူဌေးတွေနဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေက ဒီလို ရွာသာသာ ထန်ကူမြို့လေးထိလာပြီး အလုပ်တွေ လာအပ်ပါတော့မလား... သို့သော်လည်း ဒီလူက တော်တော်လေး နှမြောတွန့်တိုတတ်ရုံသာမကဘဲ ဆိုးရွားတဲ့ အကျင့်စရိုက်တစ်ခုလည်း ရှိလေတယ်-  သူက အရက်စွဲနေလေသည်။ ပြီးတော့လည်း သူ့ရဲ့ အရက်သောက်နိုင်စွမ်းက တော်တော်လေး နိမ့်တယ်။ သေရည်ကို မြင်လိုက်တာနဲ့ တစ်ထိုင်ထဲ အမူးသောက်ပြီး သူမူးရင်တော့ ဝုန်းဒိုင်းကြဲကာ ပတ်ရမ်းတော့တာပင်။

သူမူးလာရင် အနီးအနားကလူတွေ အထူးသဖြင့် ဆင်းရဲတဲ့ မိသားစုက လာတဲ့ အလုပ်သင်တွေကို သူ့ရဲ့ ဒေါသစိတ်ပြေအောင် လက်သီးနဲ့ထိုးပစ်တာတို့ အပြစ်ဒဏ်လျှောက်ပေးတာတို့ လုပ်ပစ်တာပေါ့။ အဲ့တာကြောင့် အလုပ်သင်အများစုဟာလည်း ကြာကြာမနေနိုင်ကြဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလုပ်ဘယ်လိုထွက်ရမလဲ နည်းလမ်းရှာကြတယ်။ ရွေးချယ်စရာမရှိတဲ့လူကျတော့ ယွီဟန်လိုမျိုး သူတို့အသက်သေတွေ ဆုံးရှုံးရတဲ့အထိ ထိုလူကြီးကိုသာ သည်းခံနေရရှာတာပေါ့။

အလုပ်သင်တွေထဲမှာ ယွီဟန်ဟာ တော်တော်ကြာကြာခံတဲ့လူထဲ ပါတယ်လို့ ပြောလို့ရတယ်။ သူဟာ အလုပ်လုပ်တိုင်း သတိ၊ဝီရိယရှိတာကြောင့် အလုပ်သင်ပေးတဲ့သူက သူ့အပေါ် အတော်လေး ဂရုစိုက်ပေးတာပေါ့။ ဒါကြောင့်လည်း ဆိုင်ရှင်ကျန်းက သူ့ကို နှိပ်စက်ချင်တိုင်း နှိပ်စက်ဖို့ အခွင့်အရေး မရခဲ့ပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now