အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)

3.8K 448 23
                                    

[Zawgyi]

သူတို့မိသားစုတွေ ယွီဟန်ရဲ့ အဝတ်အစားတွေနဲ့ ပစ္စည်းပစ္စယတွေအားလုံး သိမ်းဆည်းဖို့ လက်သမားဆိုင်ကို သွားလိုက်ကြတယ်။ အထူးသဖြင့် ကြေးပြား၁၇၀ကိုပေါ့ ထိုငွေတွေက ယွီဟန်အတွက် သူတို့ရဲ့ ချစ်ခြင်းနဲ့ စိုးရိမ်မှုတွေရဲ့ သင်္ကေတ ဖြစ်တာကြောင့် ဆိုင်ရှင်ကျန်းရဲ့ ခွေးလက်တွေနဲ့ လုံးဝ ထိခွင့်မပြုနိုင်ဘူး!

သတိရလာပြီဖြစ်တဲ့ ယွီဟန်က အတင်းငြင်းနေပေပေမယ့် သူတို့မိသားစုက သမားတော်စန်းနဲ့ပြဖို့ တုန်းရန်ဆေးတိုက်ကို အတင်းခေါ်သွားကြတယ်။ သမားတော်ဆီသွားတဲ့လမ်းမှာ ယွီရှောင်ချောင်းက မြည်းလှည်းပေါ်မှာ လဲလျောင်းလိုက်ပါလာတဲ့ သူမရဲ့အစ်ကိုကို အံ့ဖွယ်ကျောက်တုံးလေးရဲ့ စိတ်စွမ်းအင်ကို အသုံးပြုပြီး ကုသစေခဲ့တယ်။

သမားတော်စန်းက ယွီဟန်ရဲ့ သွေးခုန်နှုန်းကို ထပ်မံ စမ်းသပ်ကြည့်တဲ့အခါ ထိုကောင်လေးရဲ့ ကုစားနိုင်စွမ်းကို ကြည့်ပြီး အရမ်းအံ့ဩသွားရတယ်။ ဒီယွီမိသားစုဝင်တွေ အားလုံးရဲ့ ခန္ဓာကိုယ်က တခြားလူသားတွေနဲ့မတူတဲ့ ဖွဲ့စည်းပုံတွေများ ရှိနေကြသလား။ သူ မိသားစုဝင် သုံးယောက်ကို စမ်းသပ်လေ့လာခဲ့ရပြီးတော့ သုံးယောက်လုံးကလည်း သေမိန့်ကျထားတဲ့လူတွေလိုပဲ။

ဒါပေမယ့် အားလုံးက မဖြစ်နိုင်တာတွေကို ကျော်ဖြတ်ပြီး အသက်ရှင်ခဲ့ကြတယ်။ ဥပမာဆိုရင် ယွီရှောင်ချောင်းမှာ မွေးကတည်းက အားနည်းတဲ့ရောဂါရှိပြီး ကုတင်ပေါ်က မဆင်းနိုင်ခဲ့ပေမဲ့ အခုတော့ လုံးဝမတူညီတဲ့ လူတစ်ယောက်လိုပဲ ပြေးလွှား ခုန်ပေါက်နေနိုင်လေပြီ။ တစ်ဖက်မှာလည်း ယွီဟိုင်က သူ့ခြေထောက်ကို ဝက်ဝံရိုင်းကြီးတစ်ကောင် အကိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပေမယ့် အနည်းငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေတာကလွဲလို့ လုံးဝသက်သာသွားပြီ။ အခုလည်း ယွီဟန်၊ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်ဆီးသွားတဲ့အထိပဲ။ သူ့နေရာမှာ တခြားသူသာဆိုရင် သွေးတွေအန်ပြီး နာရီပိုင်းအတွင်း ကိစ္စချောသွားနိုင်တယ်။ ဒါပေမယ့် သူကတော့ နေ့တစ်ဝက်နဲ့တင် မေ့မြောနေရာကနေ နိုးလာပြီး စကားတောင် ပုံမှန်ပြောနေနိုင်ပြီ!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now