Betweenシ

52.1K 1.2K 830
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

( ⚠️warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့ အတွက်အဆင်ပြေမှဖတ်ပါ။)

⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟

- ရားးးးးး Jeon Jungguk ထတော့ဟ
နေဖင်ထိုးနေပြီ။

- ဟာ hyung ရာ နာညီးလိုက်တာ။ အေးအေးဆေးဆေးအိပ်ပါရစေဗျာ။

- ဒီနေ့ monthly test ရှိတယ်လေ။ မင်းကျောင်း
နောက်ကျရင်တော့ စာမေးပွဲဖြေဖို့မပြောနဲ့။
အတန်းထဲတောင်ဝင်ရမှာမဟုတ်ဘူး။

- ဟုတ်ကဲ့ပါဗျာ။ ၅ မိနစ်ပါပဲ။

- အေ အေ ၅မိနစ်နေလိုက်။ ငါတော့ မစောင့်တော့ဘူး သွားပြီ။

- ဟာ hyung!!!!! Jungkook hyung!!!! ကျတော်
ထပြီလို့ စောင့်ဦး။

ဒါကတော့ Jeon jungkook နဲ့ Jeon Jungguk လို့ခေါ်တဲ့ အမြွှာနှစ်ယောက်ရဲ့ နံနက်ခင်းစတင်ပုံဖြစ်
သည်။

အချင်းချင်း အမြဲသတ်နေကြပေမယ့် တစ်ယောက် နဲ့ တစ်ယောက်တော့ အလွန်ချစ်ကြတဲ့ ညီအကိုတွေဖြစ်သည်။ မိဘတွေဆုံးသွားပြီးနောက်
တစ်ယောက်ပေါ် တစ်ယောက်မှီခိုရင်းသာနေခဲ့
ရသည်။

မိဘတွေပိုင်တဲ့ ကုမ္ပဏီကိုတော့ စိတ်ချရတဲ့ ဦးလေးစီမှာ အပ်ထားလိုက်ပြီး သူတို့ တက္ကသိုလ်ပြီးတဲ့ အချိန်ကျရင် ပြန်လွှဲယူရမည်ဖြစ်သည်။ အခုတော့ သူတို့နှစ်ယောက်က တက္ကသိုလ်နဲ့ နီးတဲ့
အိမ်တစ်ခုမှာ နေကြသည်။

⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟⍟

Time skip ⏭

ကျောင်းဆင်းတော့ နှစ်ယောက်လုံး လမ်းလျှောက် ပြီးသာအိမ်ပြန်လာကြသည်။ လမ်းတစ်လျှောက်
လည်း တစ်ယောက်နဲ့ တစ်ယောက် ဗျစ်တောက်
ဗျစ်တောက်ပြောရင်း အ်မ်ပြန်လာကြသော
ညီအစ်ကိုနှစ်ယောက်ပင်။

- hyung ကို မနက်တောက စီးပွါးရေးmajorက queen ကစာပေးတယ်စို။

- ငါမယူပါဘူး။ သူ့ကိုကြိုက်မှမကြိုက်ပဲ။

- hyung သူကလုံးဝ အကိတ်ကြီးနော်။ ကျတော်သာ hyung နေရာမှာသာစို တွဲလိုက်ပြီ။

- အငယ်ကောင်ရယ်။ စာကိုသာ အာရုံစိုက်စမ်းပါ။ တက္ကသိုလ်ပြီးမှ မင်းပါသီ ရည်းစားပဲထားထား မိန်းမပဲ ယူယူ။ အခုတော့ ပညာရေးကို အလေးထားပါဦး ဟ။

Dark collection ✔︎Where stories live. Discover now