Arc.8.10
2.8K 546 153
သူတို့ နှစ်ယောက် မြေပြင်ပေါ်ရောက်ရောက်ချင်း အလင်းတန်းတစ်ခုက ဖြတ်ခနဲ အနားရောက်လာကာ လော့ကျွင်း၏ နားရွက်အား ဆွဲလိုက်ကာ ပုခုံးအား ရိုက်လိုက်သည် ။ " ကောင်စုတ်လေး .. မင်းအစ်ကို ပြဿနာ သွားမရှာနဲ့လို့ ငါမပြောဘူးလား .. ဟမ် .. အခုတော့ နှစ်တေ အကြာကြီး ပျောက်သွားတာကို ချန်းယန်ကိုပါ အဖော်ခေါ်သွားတယ် .."
" အာ့ .. အာ့ .. ဆရာ .. လူတွေ အများကြီး ရှိနေတယ်လေ .." လော့ကျွင်းက တီးတိုးပြောကာ ဟန်ကိုဖို့လိုက်ပြီး ဟန်ရဲ့ အနားမှ ချန်းယန်အနားသို့ ပိုတိုးကပ်လိုက်သည် ။ ဟန်ရဲ့က လော့ကျွင်းအား သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းကို လူအုပ်ကြီး ဘက်သို့ လှည့်လိုက်ကာ " ဒီက ရောင်းရင်းတို့ အနှောက်အယှက်ဖြစ်သွားရင် အားနာပါတယ်.. ကျုပ်ရဲ့ တပည့်‌လေး‌တွေက တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာပါ .. ရုတ်ရုတ်သဲသဲ ဖြစ်သွားရင် ကျုပ်ကဘဲ တောင်းပန်ပါတယ် .."
" ဒါဆို .. ဒါက အကြီးအကဲဟန်ရဲ့ ကျော်ကြားလှတဲ့ တပည့်တွေမလား ..ကြားရတဲ့ သတင်းအတိုင်း ပြောင်မြောက်လှပါတယ် .."
" ဒီလို တွေ့ရခဲတဲ့ ပါရမီရှင်မျိုးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ .. ရောင်းရင်းက အားနာစရာမလိုပါဘူး .."
ကျင့်ကြံဆင့် မြင့်သူများမှာ အချင်းချင်းကြည့်လိုက်ကြကာ ‌ဟန်ရဲ့အား နူတ်ဆက်ရင်း ထွက်ခွာသွားကြသည် ။ လူငယ်များသည်တော့ စိတ်အားထက်သန်နေကြဆဲ ဖြစ်နေသေးသည် ။ မိုးကြိုးကပ်ဘေး၏ ကြမ်းတမ်းပုံကို မတွေ့ထားပါက သူတို့က ဒီပါရမီရှင် နှစ်ယောက်အား စိန်ခေါ်မိပေလိမ့်မည် ။
"ကျစ်.. ဒီလိုအဆင့်မျိုး .. မို့ယောင် တောင် မရောက်လောက်သေးဘူး .." လူငယ်တစ်ယောက်က တိုက်ခိုက်ချင်စိတ်အပြည့်ဖြင့် ပြောလိုက်သည် ။ ထိုလူငယ်၏ စကားသံကြောင့် ဘေးနားက လူက " မင်းက အခုထိ မို့ယောင်နဲ့ ယှဉ်နေသေးတာလား .. သူတို့က အဆင့်ချင်း မတူပါဘူးကွာ .."
" ငါတို့ အရင်က ရေကန်ထဲက ကောင်းကင်ကိုသာ မြင်ပြီး တကယ့် ကောင်းကင်က ဘယ်လောက်ကြီးတယ်ဆိုတာ မသိခဲ့ဘူး .."
လူအုပ်ထဲတွင် ဟွားရန်က ချန်းယန်အား ကြည့်ရင်း မကျေမနပ်ဖြစ်စွာ နူတ်ခမ်းကိုက်လိုက်သည် ။ " ဒီကောင်က ဘာလို့ .. " သူမ ချန်းယန်အား ဝေဖန်ချင်သော်လည်း စကားလုံးရှာမတွေ့ဖြစ်နေခဲ့၏ ။ ထိုခံစားချက်က သူမ၏ နှလုံးသားအား ထုရိုက်နေသလို ခံစားရသည် ။