Episode-28

3K 338 57
                                    

♡Unicode version♡


ညကတညလုံးငိုထားခြင်းကြောင့်ရိပေါ်အိပ်ရာနိုးတော့ခေါင်းတခုလုံးထိုးကိုက်နေကာ မျက်ခွံတွေလည်းဖောင်းအစ်လို့။အိပ်ရာကချက်ချင်းမထသေးပဲညကအကြောင်းတွေအဆက်မပြတ်အတွေးထဲတိုးဝင်လာတာကြောင့်ခေါင်းအုံးမှာမျက်နှာအပ်ပြီးကိုယ်ပေါ်ကဂွမ်းစောင်ကြီးကိုတင်းတင်းစုပ်လိုက်မိတယ်။တကယ်လို့ အကိုနဲ့သူဝေးသွားခဲ့ရင်။

"ဟင့်အင်း!..."

ဆံသားပျော့ပျော့တွေပွယောင်းသွားသည်အထိခေါင်းရမ်းလိုက်မိတော့မျက်ရည်ပူတွေလိမ့်ဆင်းလာပြန်တယ်။အကယ်၍ဝေးသွားရင်ဆိုသည့်အတွေးနဲ့တင် ရိပေါ်ကမ္ဘာပျက်ရပါတယ်။

အိပ်ရာကထပြီးစားပွဲပေါ်ကhandphoneလှမ်းယူကြည့်တော့အကိုဆိုသည့်contantကပို့ထားသည့်messageတွေတသီတတန်းကြီး။ရိပေါ်ဘက်ကရှားရှားပါးပါးစာမပြန်ခြင်းကြောင့် တဖက်ကရှောင်းကျန့်လည်း ကမ္ဘာမပျက်ပေမဲ့ အတော်ကြီးစိတ်ပူနေပုံရသည်။

Messageတွေအကုန်တကြောင်းမကျန်လိုက်ဖတ်ပြီးမှရိပေါ်ပုံမှန်ပို့နေကျmorningအစချီသည့်messageတိုလေးပြန်ပို့လိုက်တယ်။အကို့ကို နည်းနည်းလေးမှစိတ်သောကမရောက်စေချင်တာ ရိပေါ်ဆန္ဒ။

Ring> > >

"အကို..."

စာပို့လိုက်ပြီးသည်နှင့်တဖက်ကဖုန်းခေါ်လာသည့်ရှောင်းကျန့်ကြောင့်ရိပေါ်အမြန်acceptလုပ်လိုက်တယ်။

[ဘာလို့ခုမှစာပြန်တာလဲကွာ...ကိုယ့်မှာကောင်လေးအန္တရာယ်ကင်းကင်းနဲ့အိမ်ပြန်ရောက်ပါ့မလားစိုးရိမ်လိုက်ရတာ...တညလုံးကိုယ်messageတွေပို့နေတာ...ကိုယ့်ကိုစိတ်ပူပြီးသေသွားစေချင်လို့လား...]

ထင်ထားသည့်အတိုင်းအစိုးရိမ်လွန်နေသည့်ရှောင်းကျန့်ဖြစ်အင်ကြောင့် အားလည်းနာသလို ရိပေါ်ကြည်လည်း ကြည်နူးမိသည်။အမှန်တကယ်တုန်လှုပ်နေသည့်အကို့အသံက သူ့ကိုဘယ်လောက်ချစ်ကြောင်း အဆုံးရှုံးမခံနိုင်ကြောင်း သက်သေပဲမဟုတ်လား။

"ကျွန်တော် ကျွန်တော်စာကျက်ရင်းအိပ်ပျော်သွားလို့အကို..."

LOVE ME,OK![Complete]Where stories live. Discover now