Arc.8.11
2.7K 500 88
မျက်နှာအုပ်ကာရှိုက်ကြီးတငင်ငိုကြွေးလျက် ထွက်ပြေးသွားသည့် ယုလန်၏ အသံသည် သူ့အကြားအာရုံမှ ပျောက်ကွယ်သွားချိန်တွင် သူ့ပုခုံးထက်က အထိအတွေ့သည်လည်း ကွယ်ပျောက်သွားကြောင်း တွေ့ ရှိလိုက်ရသဖြင့် ချန်းယန်က လက်ကို အသာမြောက်လိုက်ကာ လော့ကျွင်း၏ ခါးစည်းကြိုးအား ဆွဲယူလိုက်ပြီး လော့ကျွင်းအား အနားသို့ ဆွဲကပ်လိုက်သည် ။
လော့ကျွင်းသည် ချန်းယန်၏ တုန့်ပြန်မှုအား မမျှော်လင့်ထားသဖြင့် အရှိန်မထိန်းနိုင်လိုက်ဘဲ ယိုင်လဲတော့မလို ဖြစ်သွားခဲ့၏ ။ သူ့လက်ချောင်းများက ဟန်ချက်ပျက်သွားကာ ချန်းယန်အား ထိခိုက်မိတော့မည် ဖြစ်သဖြင့် အလျင်စလို လမ်းလွဲလိုက်ရကာ ချန်းယန်အား ပွေ့ဖက်လိုက်သလို ဖြစ်သွားခဲ့သည်။
" ဟူးး.. တော်သေးတယ် .. ရိုက်မိတော့မလို့ " အသက်ဘေးမှ လွတ်လာသည့်ဟန်ဖြင့် ရေရွတ်လိုက်ပြီးမှ သူ့အမှုအရာက တောင့်တင်းသွားကာ အလျင်အမြန် ဆုတ်ခွာလိုက်သဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့သည် ။ သူက မြေပြင်ပေါ်မှ မထနိုင်သေးဘဲ လက်နှစ်ဖက်ကို အသည်းအသန်ခါလိုက်ပြီး " တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်.. ရုတ်တရက်ကြီးဆိုတော့ .. မထိန်းနိုင်လိုက် .."
ဟင်???
ဟမ်???
' ငါ့လက်ထဲမှာ ဘယ်က ကြိုးရောက်နေ....Huh!!!! ' လော့ကျွင်းက လက်ထဲက အဖြူရောင်ကြိုးထံမှ တောင့်တင်းနေသော အမှုအရာဖြင့် ဖြေးဖြေးချင်း ချန်းယန်ထံသို့ ခေါင်းလှည့်လိုက်သည် ။ တစ်ဖက်သူသည် ခြေလှမ်းကို ညင်သာစွာ လှမ်းလျက် သူ့အရှေ့သို့ ရောက်လာကာ ခါးကို အနည်းငယ် ငုံ့ကိုင်းလျက် လက်လှမ်းပေးခဲ့သည် ။ လော့ကျွင်း၏ အကြည့်သည် မနေနိုင်စွာ ချန်းယန်၏ မျက်နှာပေါ်တွင် ဝေ့ဝဲသွားကာ မျက်ဝန်းများထံတွင် အကြည့်ရပ်သွားခဲ့၏ ။
ခံစားချက် ဗလာအတိဖြစ်နေသည့် မျက်ဝန်းများ ..
မဟူရာတွင်းနက်ကဲ့သို့ နက်မှောင်နေသည့် မျက်ဝန်းများ ..
အမတေတစ်ယောက်သဖွယ် အရှိန်အဝါသည် မျက်ဝန်းနက်တစ်စုံကြောင့် ချက်ချင်း ပျောက်ကွယ်သွားကာ ရှေးဟောင်းနတ်ဆိုးသဖွယ် ပြောင်းလဲသွားခဲ့၏ ။ ထိုမျက်ဝန်းများကို အမြဲတမ်းဖုံးအုပ်ထားသည်က မထူးဆန်းတော့ပေ .. တစ်ယောက်သည် ထိုမျက်ဝန်းများကြောင့် စိတ်ဝိညာဉ်ထဲထိ ကြောက်လန့်မှုကို ခံစားရမည် ဖြစ်ကာ ဝေးဝေးရှောင်သွားကြမည် ဖြစ်သည် ။