1.4(Z)

599 111 5
                                    

အိမ်မှာရှိတဲ့ ကြိမ်တုတ်ကို ပြင်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါမှတော့ ရှန်းယိုလင်ဟာ တင်ပါးနာသလိုခံစားလာရသည်။

အဖေနဲ့သမီး အိမ်ပြန်ရောက်ပြီး ရှန်းယိုလင် အပေါ်ထပ်ကို တက်သွားတာကိုကြည့်လိုက်ပြီးနောက် ချန်လီကောက ရေဝင်ချိုးခဲ့သည်။

ဒီခန္ဓာကိုယ်က သိပ်ကိုလှပတယ်လို့ ပြောရမည်။
ခြေလက်လေးချောင်းစလုံးက သွယ်လျနေပြီး
အသားအရေကလည်း ဖြူဖွေးနေခဲ့သည်။
သို့ပေမဲ့ သူ့နောက်ကျောမှာတော့ အမာရွတ်တွေ
ရှိနေပြီး ဒါကလည်းသူရဲကောင်းဆန်ဆန်
လက္ခဏာရပ်တွေပေါ့။လိင်အင်္ဂါတွေကတောင်
အဆင့်အတန်းပြည့်စုံသည်။သူရေချိုးပြီးနောက်
ရေချိုးခန်းဝတ်စုံကိုဝတ်ထားပြီး သူ့ဆံပင်ကို
သုတ်လျက် ထွက်လာခဲ့သည်။

"ဒေါက် ဒေါက် ဒေါက်" တံခါးခေါက်သံထွက်လာပြီး

ချန်လီကောက မေးလိုက်သည်။

"ဘာလဲ????"

"ဆရာ အားဟုန်ကိုရှာတွေ့ပါပြီ"

"သူ့ကိုဘယ်မှာတွေ့တာလဲ"

"နယ်စပ်မှာပါ....သူ့ကြည့်ရတာ Kနိုင်ငံကို
ကူးချင်နေပုံရတယ်"

"လူကရော???"

"ကားထဲမှာ ကြိုးတုပ်ထားပါတယ်"

"ငါ့ကို၁၀မိနစ်စောင့်"

တံခါးအပြင်ဘက်ကလူက ကောင်းပါပြီဆိုလာသည်။

ချန်လီကောက ၁၀မိနစ်တည်းနဲ့ အဝတ်တွေ
လဲလာပြီး သူ့ဆံပင်တွေကတော့ စိုစွတ်နေသေးပေမယ့် ဒီအတိုင်းပဲထားလိုက်သည်။

တံခါးအပြင်ဘက်ကလူတွေက ချန်လီကောကို
မြင်လိုက်သည်နှင့်

"ဆရာ"ဟု နှုတ်ဆက်လာသည်။

"သွားကြစို့...သူ့ကိုသွားကြည့်ရအောင်"

ချန်လီကောက သူ့တင်ပါးကိုခါလျက် ညင်သာစွာ
ပြောလာသည်။

အားဟုန်ဆိုတဲ့လူက အရင်က ရှန်းယွီချန်ရဲ့လက်အောက်မှာ လုပ်ရည်ကိုင်ရည်ရှိသောသူဖြစ်သည်။သို့သော် ထိုသူသည် နောက်ပိုင်းမှာ
သူ့ကိုအမည်မသိသော အကြောင်းပြချက်ကြောင့် သစ္စာဖောက်လာခဲ့သည်။ကံကောင်းတာက
ရှန်းယွီချန်က ကိုယ့်ကိုယ်ကိုယ်သာယုံသောသူဖြစ်သောကြောင့် သူမအောင်မြင်ခဲ့ပါ။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now