part 9

17.8K 1.3K 41
                                    

" အရမ်း နာနေလား... "

ခက်ထန် မျက်နှာပေါ်သို့ ရောက်ရှိလာသော
ဦးထည်၏ ဆေးတို့ထားသော လက်ညှိုးလေးများသည် မသိသာစွာ တုန်ရီနေလိမ့်မည် ။ ထာဝစဉ် မုန်းတီးခဲ့ရပါသော မျက်လုံးရှည်လေးတွင် စိုးရိမ်ကြီးလွန်းနေသော အရိပ်အယောင်တို့မှာ ဖုံးဖိ၍မရနိုင်အောင် ရှိလှ၏။

ထည်ဝါလင်းရှိန်က ဟန်ဆောင်သိပ်ကောင်းတယ်...... သူ ကိုယ်တိုင် သတ်ခဲ့တဲ့ လူရဲ့ သား ကို သူက စိုးရိမ်ပြနေသတဲ့လား.... ။ သူနဲ့ မရိုးသားစွာ ပတ်သက်မှုရှိနေတဲ့ ရိုင်နာ ဆိုသော လူ ကိုသာ အမှန်စိုးရိမ်နေလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်ဟု ခက်ထန် အတွေးလွန်နေခဲ့၏ ။.

" ခက်ထန်...  ဘာတွေ စဉ်းစားနေတာလဲ... အရမ်းနာနေလား ၊ ဘာဖြစ်ကြတာလဲ... ဘာလို့ရန်ဖြစ်ကြတာလဲ? "

" ရန် မဖြစ်ပါဘူး ။ ရန်ဖြစ်တယ်ဆိုတာ အပြန်အလှန်တုံ့ပြန်မှုရှိတာမျိုးလေ....ကျွန်တော် မှ ဘာမှ မတုံ့ပြန်ခဲ့ဘဲ..... "

" ထူးဆန်းတယ် ခက်ထန်.... မင်းလိုလူက ငြိမ်ခံနေခဲ့တာ အရမ်းထူးဆန်းနေတယ် ၊ ဘာလို့လဲ "

" ကျွန်တော့်လိုလူ က မတုံ့ပြန်ခဲ့တာ ထူးဆန်းနေတယ်လို့ ထင်တယ်ပေါ့.... ဦးထည် ပြောနေပုံက ကျွန်တော့်အကြောင်း  ဦးထည်က အသိဆုံး ဖြစ်နေတဲ့ပုံနဲ့.... ဒီလိုတွေ ပြောနေတဲ့ ဦးထည် ကမှ ထူးဆန်းတာ.... "

သူ ပြုံးလိုက်သည် ။ ထည်ဝါလင်းရှိန်ဟာ အရာအားလုံးကို နားလည်ခွင့်လွှတ်ပေးလိုက်တဲ့ အပြုံးအေးအေးလေး တစ်ခုကို ခက်ထန်ရှေ့ ဖန်တီးခဲ့သည် ။

သူသည် ဒီလောကတွင် ခက်ထန်အကြောင်းကို ခက်ထန်ထက် အသိဆုံး တစ်ဦးတည်းသော လူသားတစ်ဦးဟုလည်း သူ့ကိုယ်သူ ခံယူထားလေသည် ။ သူ လွဲမှားနေတာလေး တစ်ခုမှာ... ခက်ထန်ဟာ နွေးကို အချစ်စစ်အချစ်မှန်ဖြင့် ချစ်နေသည်ဟု သူ လွဲမှားစွာ ထင်နေရုံလေး တစ်ခုသာ ဖြစ်၏..... ။

" ကျွန်တော် ဦးထည် ကို စိတ်မဆင်းရဲစေချင်ဘူးလေ.... အဲ့တော့ ဦးရိုင် ဘာလုပ်လုပ် ငြိမ်ခံပေးလိုက်ရုံပါပဲ... ကျွန်တော်က အငယ်မလား.... ကိုယ့်ထက်အကြီးကို ပြန် မတုံ့ပြန်လိုက်သင့်ဘူး "

You are my husband (Season 1)Completed  Where stories live. Discover now